(ဝါရှင်တန် စက်တင်ဘာ ၃)
နှစ်ပေါင်း ၄ဝ သက်တမ်း ရှိသည့် ဒိန်ခဲတုံးကြီး တစ်တုံးကို အမေရိကန် ပြည်ထောင်စု၌ တစ်အောင်စ လျှင် အမေရိကန် ဒေါ်လာ ၁ဝ ဒေါ်လာဖြင့် ရောင်းချခဲ့ ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ဒိန်ခဲတုံးကြီးကို အမေရိကန် ပြည်ထောင်စု ဝစ်စ်ကွန်စင် ပြည်နယ် မီလ်ဝူကီ မြို့ရှိ ကုန်စုံဆိုင် ကြီးတစ်ခု ၏ ရေခဲသေတ္တာ အတွင်းမှ ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ကုန်စုံဆိုင် ပိုင်ရှင်မှာ အသက် ၇၃ နှစ်အရွယ်ရှိ အက်ဝက်ဒ်မန် ဆိုသူဖြစ်ကြောင်း၊ ထို့နောက် ဆိုင်ကြီးကို ဝစ်စ်ကွန်စင် ပြည်နယ်မှ ဒိန်ခဲဆိုင် ပိုင်ရှင် ကန်မက်စ် နျူလ်တီ ထံသို့ ရောင်းချ ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုဒိန်ခဲ ကြီးကို မက်စ်နျူလ်တီက "Ultimate Cheddar Flight" ဟု အမည်ပေး ထားပြီး ဒိန်ခဲ၏ အရသာ မြည်းစမ်းပွဲကို လာမည့် အောက်တိုဘာ ၆ ရက်တွင် ကျင်းပသွား မည်ဖြစ် သည်ဟု သိရသည်။ ထိုပွဲတွင် တစ်နှစ်သက်တမ်း ရှိသည့် ဒိန်ခဲများ ကိုလည်း အမြည်း အဖြစ် ကျွေးမွေးသွား မည်ဖြစ်ကြောင်း သိရသည်။