Saturday, September 8, 2012

Fruit With Beauty....ရွှေစင်

0 comments
ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ် တကူရရှိနိုင်ပြီး ကုန်ကျစရိတ် လည်း နည်းပါးတဲ့ သဘာဝသစ်သီးသစ်ဖု တွေနဲ့ အသားအရေကို ထိန်းသိမ်း နိုင်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ 8DAYS ရဲ့ပျိုမေ တို့လည်း အ သားအရေကို နဂိုရည်စိုပြည်ပြီး လှ ပချင် ရင်တော့ သဘာဝသစ်သီးတွေ နဲ့ အသားအရေ ထိန်းသိမ်း နည်း တွေကို တင်ဆက်ပေးလိုက်ပါတယ်။
သခွားသီးနဲ့အသားအရေထိန်း သိမ်းတာကိုအ ရမ်းကြိုက် တယ်လေ။ နေ ပူ ထဲကပြန်လာရင် သခွားသီးနဲ့ မျက်နှာကိုပေါင်း တင်တော့တာပဲ ပေါ့။Skin Care လုပ်တဲ့အခါ ဓာ တုဆေးဝါးတွေအရမ်းအသုံးပြုတာ မဟုတ်ဘဲ သဘာဝ ပစ္စည်းေ လးတွေ နဲ့ အသုံးပြုတာပိုကောင်းတယ်။ သံလွင်ဆီနဲ့အသား အရေလှအောင် လုပ်တာ။ သံလွင်ဆီနဲ့ သကြားနဲ့ ရောပြီးေ တာ့ပေါ့။ သခွားသီးဆိုရင် ပါးပါးလေးလှီးပြီး မျက်နှာကိုပေါင်း တင်တာတို့ပေါ့။
သိသိသာသာကို ပြောင်းလဲသွားတာပေါ့။ အလုပ် သွားခါနီး မျက်နှာကိုကပ်ရင်အသား အရေလှသလို စိတ်ကိုလန်းဆန်း သွားစေတာပေါ့။ ညအိပ်ခါနီးကပ် မယ်ဆိုရင်လည်း မျက်နှာလေးက အေးပြီး အိပ်ပျော်သွားတာပဲ။ နောက်ပြီး မျက်နှာကိုအရမ်းစိုပြည် စေတာပေါ့။ ရွှေစင်တို့ဆိုရင် မိတ် ကပ်တွေအရမ်းလိမ်းရတော့ ညပြန် လာပြီး မျက်နှာသစ်တဲ့အခါ အသား အရေခြောက်တဲ့အထဲမှာပါတဲ့အ တွက် အသားအရေခြောက်ရော။ အဲဒီအခါကျရင် သခွားသီးနဲ့မျက်နှာကိုပြန်ပြီးပေါင်းတင်ရတာပေါ့။
သခွားသီးကပ်တဲ့အခါ နဂိုအသား အရေပြန်ရပြီး စိုပြည်စေတာပေါ့။ အသီးအနှံကိုတော့ ဂရိတ်ဖရု သီးနဲ့ ကြက်မောက်သီးကလွဲပြီး အ ကုန်စားတယ်။ အသားအရေကိုလှ ပအောင်လို့ပေါ့။ နံနက်တိုင်း သင်္ဘောသီးဖျော်ရည်သောက်တယ်။ နွားနို့သောက်တာပေါ့။ အသားအ ရေကိုထိန်းသိမ်းတဲ့အခါ တန်ဖိုး နည်းတဲ့ သဘာဝအသီးအနှံတွေက တန်ဖိုးများတဲ့မျက်နှာပေါင်း တင် ဆေးတွေ ထက်တောင် ကောင်းပါ သေးတယ်။ ဒါကြောင့် သဘာဝအ သီးအနှံနဲ့အသားအရေကိုထိန်းသိမ်း တာအကောင်း ဆုံးပါလို့ အကြံပြု လိုက်ပါရစေနော်။
ကလောင် - ထွန်းမြင့်ဇော်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here