Microsoft မှပေးအပ်သော Professional Certified တစ်ခုဖြစ်သည့် Microsoft Certified IT Professional လက်မှတ်များအား ၂၀၁၃ ဇူလိုင်လ (၃၁) ရက်တွင် ရပ်နားမည်ဖြစ်ကြောင်း Microsoft မှ တရားဝင်အတည်ပြု ကြောညာခဲ့သည်။ MCITP တွင် SA (Server Administrator) နှင့် EA (Enterprise Administrator) ဟူ၍ခွဲခြားထားပြီး Server Administrator တွင် 70-680, 70-640, 70-642, 70-646 တို့ကို ဖြေဆိုရမည်ဖြစ်သည်။ Enterprise Administrator တွင် 70-680, 70-642, 70-640, 70-643, 70-647 ဟူ၍ ငါးဘာသာဖြေဆိုရမည်ဖြစ်သည်။ အဆိုပါ EA နှင့် SA ကို ပြည်တွင်း၌ ဖြေဆိုမှုအများဆုံး ဘာသာရပ်များအဖြစ် စာမေးပွဲဌာနများနှင့် သင်တန်းကျောင်းများမှ ပြောကြားခဲ့သည်။ MCITP စာမေးပွဲများကို ပြည်တွင်းလုပ်ငန်းခွင် ၀င်ရောက်မည့်သူများနှင့် ပြည်ပတွင် ပညာရှင်တစ်ဦးအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုသူများမှ ဖြေဆိုမှုများပြားကြောင်းလည်း သိရသည်။ MCITP တွင်ဘာသာရပ်များအနေဖြင့် Microsoft မှသတ်မှတ်ပေးထားသည့် (၁၆) ဘာသာရှိပြီး၊ အဆိုပါ ဘာသာရပ်များထဲမှ ဘာသာရပ် (၁၃) ခုကို ရပ်နားမည်ဖြစ်ကြောင်း Microsoft ၏ တရားဝင် Web Site ဖြစ်သော www.micrsoft.com တွင်ဖော်ပြထားသည်။ ဆက်လက်ကျန်ရှိသွားမည့် ဘာသာရပ်များအဖြစ် Enterprise Messaging Administrator on Exchange 2010 (70-662, 70-663)၊ Lync Server Administrator 2010 (70-664, 70-665)၊ SharePoint Administrator 2010 (70-667, 70-668) တို့ကျန်ရှိမည်ဖြစ်သည်။ ရပ်နားလိုက်သော ဘာသာရပ်ဆိုင်ရာ စာမေးပွဲများနှင့်ပတ်သက်၍ Microsoft Certified ဘာသာရပ်များ သင်ကြားပို့ချလျက်ရှိသော သင်တန်းတစ်ခုမှ နည်းပြတစ်ဦးကလည်း “နိုင်ငံတကာမှာက Microsoft ရဲ့ Product ဖြစ်တဲ့ Server 2008 ပိုင်းကို အသုံးပြုမှု နည်းပါးနေပါတယ်။ လက်ရှိအချိန်ထိ Server 2003 ကိုသာ အဓိကထားပြီး အသုံးပြုနေတာကို တွေ့ရပြီး၊ အကြောင်းရင်းကတော့ Server 2008 ကိုအသုံးပြုရတာ အဆင်မပြေမှုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Microsoft ဟာ Server 2008 နဲ့ပတ်သက်တဲ့ စာမေးပွဲတွေကို ရပ်နားလိုက်တာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ အသစ်ဖြစ်လာမယ့် 2012 MCSA, MCSE တို့ကို မျှော်လင့်နေကြပါတယ်” ဟု သူ၏အမြင်နှင့် ဖြစ်ပေါ်နေသော အခြေအနေများအပေါ် သုံးသပ်ပြောကြားသွားခဲ့သည်။ ရေးသားသူ -ကိုစိုင်း ref: Internet Journal |
Friday, September 7, 2012
ပြည်တွင်း၌ ဖြေဆိုမှုများပြားသော MCITP လက်မှတ်များ ၂၀၁၃ တွင်ရပ်နားမည်
Categories :
Subscribe to:
Post Comments (Atom)