Wednesday, September 19, 2012

Samsung Galaxy S4 အား ၂၀၁၃ ဖေဖော်ဝါရီလတွင် မိတ်ဆက်ပြသဖွယ်ရှိဟုဆို

0 comments
နာမည်ကျော် Mobile ဖုန်းထုတ်လုပ်သူ Samsung ကုမ္ပဏီရဲ့ စတုထ္ထမြောက် Galaxy S အမျိုးအစား handset ဖြစ်သည့် Samsung Galaxy S4 ကို ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလတွင် မိတ်ဆက်ပြသဖွယ်ရှိသည်ဟု Samsung ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးဖြစ်ပြီး Samsung Mobile ဖုန်းအစိတ်အပိုင်းများထုတ်လုပ်မှုတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အတည်မပြုနိုင်သေးသောသတင်းများအရ ယင်း Samsung Galaxy S4 ကို ၂၀၁၂ ခုနှစ် ဘာစီလိုနာမြို့တွင်ကျင်းပမည့် Mobile World Congress (MWC)တွင် မိတ်ဆက်ပြသနိုင်လိမ့်မယ်ဟုလည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Samsung Galaxy S4 ကို 4G LTE network ကိုအသုံးပြုမည်ဖြစ်ပြီး Samsung Galaxy S3 နှင့် Samsung Galaxy Note II ထက်သာလွန်သော hardware များ ၊ နည်းပညာများကိုထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။ Samsung Galaxy S4 ရဲ့ Screen Size အရွယ်အစားကတော့ ၅ လက်မ screen အရွယ်အစားဖြစ်ပါလိမ့်မယ်။ Samsung ဟာသူ့ရဲ့ one-year product schedule plan အရ Samsung Galaxy S4 ကို နောက်နှစ်အစောပိုင်းမှာပွဲထုတ်ပြသနိုင်ဖို့စီစဉ်နေတာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။ လက်ရှိထွက်ရှိထားတဲ့ Samsung Galaxy SIII ဖုန်းများဟာကမ္ဘာ့အရပ်ရပ်မှာအလုံးရေသန်းပေါင်းများစွာရောင်းချနေရပြီး ၂၀၁၃ ခုနှစ်မှာထွက်ရှိမယ့် Samsung Galaxy S4 ဟာလည်းအကောင်းဆုံး စမတ်ဖုန်းတစ်လုံးဖြစ်လာဦးမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ref: MMA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here