Tuesday, September 4, 2012

UWSA ၏အင္အားၾကီးတပ္မဟာတစ္ခု၏တပ္မွဴး ရာထူးေလွ်ာ့ခ်ခံရ

0 comments
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ လူအား၊ ငွေအား၊ လက်နက်အား အတောင့်တင်းဆုံးဖြစ်သည့် တပ်မဟာတခု၏ တပ်မှူးအား သြဂတ်စ်လနှောင်းပိုင်းက ရာထူးလျှော့ချ၍ အပြောင်းအလဲ လုပ်လိုက်ကြောင်း နီးစပ် သည့် အသိုင်းအဝိုင်းက ပြောပါသည်။
li-aisu
လီအိုက်ဆု
“တပ်မှူး လီအိုက်ဆု ကို အုပ်ချုပ်ရေးပိုင်းဘက်ပြောင်းလိုက်တယ်။ သူ့နေရာကိုတော့ မကြာခင်ကမှ မြန်မာအစိုးရထောင် ကနေလွတ်မြောက်လာတဲ့ ပေါက်ယူချန်း ရဲ့ တူ တာ့ပန်းဆိုသူ အစားထိုးခန့်အပ်မယ်လို့ ကြားရတယ်” - ဟု အမည် မဖေါ်လိုသည့် အရာရှိတဦး က ပြောပါသည်။

မိုင်းပေါက် အခြေ စိုက် တပ်မဟာ ၄၆၈ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု (အသက် ၄၀ ၀န်းကျင်)အား မိုင်းပေါက် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းလဲကြောင်း    ကြားသိရပါသည်။

“အိုက်ဆုက သူဌေးကြီးဘဲ။ တပ်မဟာမှူးတွေထဲမှာ သူက ပိုက်ဆံအရှိဆုံး၊ ၀ တပ်မဟာတွေထဲမှာလဲ တပ်ထုအင်အား အတောင့်တင်းဆုံးလို့ ပြောလို့ရတယ်။ အိုက်ဆု က ကိုယ်ပိုင်လေယာဉ် (ဟတ်စကီး)တောင်  ၀ယ်စီးနိုင်တယ်။ တောင်ပိုင်း ၀ တပ်ဖွဲ့ ခေါင်းဆောင် ဝေ့ရှော်ကန်း နဲ့လဲ အရမ်းရင်းနှီးတယ်” - ဟု ၄င်းနှင့်နီးစပ်သည့် ၀ တပ်အရာရှိ တဦးက ပြောပါသည်။

တာ့ပန်းမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ဘိန်းဖြူ ၄၉၆ ကီလိုဂရမ်နှင့်အတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် တုံတာ၌ အဖမ်းခံခဲ့ရ၏။ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရ က ၄င်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သည်။

UWSA တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသကို မြန်မာအစိုးရက သံလွင်အရှေ့ခြမ်း မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စု တခုအဖြစ်သတ်မှတ်၏။ ၀ တပ်ဖွဲ့မှာမူ မိုင်းပေါက် အား ခရိုင်တခုအဖြစ် သတ်မှတ်ထားသည်။
ref: 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here