Monday, October 15, 2012

“ မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ်ရှိမလဲ ” အင်တာဗျူး ဖြန့် ဝေမှုဖြင့် ၀န်ခံလက်မှတ် ထိုးခိုင်းခံရသူ၏ ရှင်းလင်းချက်

0 comments

by သစ်ထူးလွင်
 
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ်(၅) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကြောင့် အသိမ်းခံရသည့် မြေဧက ၅၀၀၀ ကျော်နှင့် ပတ်သက်သည့် သတင်း အား မိတ္တူကူးယူ ဖြန့်ခဲ့တာကြောင့် ခေါ်ယူ ဝန်ခံလက်မှတ် ထိုးခိုင်းခံရသူ ကိုခမ်းကောင် မှ မီဒီယာများအား အောက်တိုဘာလ ၁၄ ရက်နေ့ မှာ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့ပါသည်။

၂၆.၁၀.၂၀၁၂ ရက်စွဲပါ အိပ်(စ်)ပရက်(စ်)တိုင်း(စ်) ဂျာနယ် ပါ “ မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ်ရှိမလဲ ” ခေါင်းစဉ်ပါ ဂျာနယ်စာမျက်နှာအား ကော်ပီ ၁၀၀၀ မိတ္တူကူး ဖြန့်ချိခဲ့တာကြောင့် ကောင်ရွေ ပအိုဝ်း လူငယ်အဖွဲ့မှ ကိုခမ်းကောင် အား ခရိုင် ရဲတပ်ဖွဲ့ရုံးမှ ခေါ်ယူ၍ ပုဒ်မ ၅၀၅(ခ) ဖြင့် ညှိစွန်းသည်ပာု ဆိုကာ ဝန်ခံလက်မှတ် ထိုး၍ ကိုယ်ရေးအကျဉ်း ဖြည့်ခိုင်းခဲ့ကြောင်း သိရသည်။

ဖြန့်ချီသည့် ဂျာနယ်စာမျက်နှာ တွင် ရေးသားထားသည့် “ စာဖတ်သူများ ဝိုင်းဝန်းပြီး ပင်းပက်စက်ရုံကြောင့် မတရားခံနေရတဲ့ ရွာသားများ၏ လုံခြုံမှုမရှိတဲ့ ဘဝကို ကူညီပေးကြပါ။ တရားမျှတမှု ရှိအောင်လုပ်ဆောင်ပေးကြပါ” ဆိုသည့် စာကြောင်းအား မိတ္တူအောက်တွင် ထပ်မံဖြည့်စွက်ခဲ့တာကြောင့် ဝန်ခံထိုးခိုင်းခဲ့ခြင်း ဖြစ်သည်ပာုသိရသည်။ ၎င်းစာသားသည် ပြည်သူအထိန့်အလန့် ဖြစ်စေသည်ပာု ဆိုကာ ခေါ်ယူ လက်မှတ်ထိုးခိုင်းခဲ့တာလည်း ဖြစ်သည်။

အဆိုပါ ဂျာနယ် သတင်းသည် ပင်းပက်သံမဏိ စက်ရုံ၏ လယ်မြေဧကပေါင်း ၅၀၀၀ ကျော်သိမ်းယူခဲ့ခြင်းအား စက်ရုံတာဝန်ရှိ ဗိုလ်ကြီး မျိုးဝင်းနိုင် ၏ ပြန်လည်ဖြေကြားချက်များ ပါဝင်တာလည်း ဖြစ်သည်။

အထက်ပါ လယ်သိမ်းခံရမှုအား လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့သည် ၁၀.၉.၂၀၁၂ တွင် လာရောက်စစ်ဆေးသွားသော်လည်း စက်ရုံတာဝန်ရှိသူများ လိုက်လံပြသသည့် နေရာများသာလိုက်လံကြည့်ရူခဲ့သည်ပာု ကိုခမ်းကောင် မှ ရှင်းလင်းပြောကြားခဲ့ကြောင်း ရှမ်းပြည်နယ်နယ် သတင်းထောက် နေလင်းသိုက် မှ သတင်းပေးပို့ ထားပါသည်။

By Myanmar News Now

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here