Tuesday, October 16, 2012

အင်းလေးဖောင်တော်ဦးဘုရား လှည့်လည်ပူဇော်ပွဲ စတင်

0 comments
Tuesday, 16 October 2012
 
ပြည်တွင်း ပြည်ပ နိုင်ငံခြားသားဧည့်သည်များ အထူးစိတ်ဝင်စား လာရောက်ဖူးမြော်ကြသည့် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့(ယနေ့တွင်) စတင်ကြွချီရာ ကျေးရွာ၊ ဒေသများအတွင်း၊ အစည်ကားဆုံး ဖြစ်သည့် ညောင်ရွှေ မြို့သို့ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ညောင်ရွှေမြို့တွင် အောက်တို ဘာ ၂၂၊ ၂၃၊ ၂၄ ရက် စုစုပေါင်း သုံးရက် အဋ္ဌဒိသာဓမ္မ၀ိဟာရစံ ကျောင်းတော်တွင် နေ့ည ပူဇော်ခံမည်ဖြစ်ရာ အဆိုပါညောင်ရွှေမြို့ ပွဲတော်ရက်များ အတွင်း ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ အင်းသားရိုးရာ မတ်တပ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်သည့် အမျိုးသားရာကျော် လှေ ၄၆ တက်၊ အမျိုးသမီး ၂၆ တက်လှေပြိုင်ပွဲများ၊ ဇာတ်၊ အငြိမ့်၊ မော်ဒယ်ရှိုးပွဲများ ပြခန်းများပါဝင်မည်ဖြစ်ရာ ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိကြောင်း ဆိုင်ခန်းကော်မတီထံမှ သိရသည်။

"ကျွန်တော်တို့ရဲ့ ဖောင်တော်ဦးဘုရားပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၁ တုန်းက ပထမတန်းစားဆိုင်ခန်းကို ကျပ်တစ်သောင်းခွဲ၊ ဒုတိယတန်းစားကို ကျပ်တစ်သောင်းနှစ်ထောင်၊ တတိယတန်းစားကို ကျပ်တစ်သောင်းတစ်ထောင်ပဲကောက်ခံ ခဲ့ပါတယ်။ ဒီနှစ်ပွဲတော် လုပ်ငန်းကျယ်ပြန့်မှုအပေါ် မူတည်ပြီး ဆိုင်ခန်းတစ်ခန်းကို အရင်နှစ်ထက် နှစ်ထောင်ကျပ်ကနေ သုံးထောင်ကျပ်အတွင်းပဲ တိုးကောက်မှာပါ။ အရင်နှစ်က ပျံကျဆိုင်ခန်းများမပါဘဲ အဓိကဆိုင်ခန်းပေါင်း ၇၀၀ ကျော်ရှိခဲ့ပြီး ဒီနှစ်တော့ လက်ခံဆောက်လုပ်နေဆဲပါပဲ။ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ငါးရက် ရောင်းခွင့်ပြုပါတယ်" ဟု ဆိုင်ခန်းကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အင်းလေးဖောင်တော်ဦးဘုရားယခင်လှည့်လည်တင်ဆက်ပုံကိုအေးချမ်းမွန်
မှ google မှရှာဖွေထားခြင်းဖြစ်ပါသည်

From-Eleven Media Group


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here