အောက်တိုဘာ(၂၀)
ရှမ်းပြည်နယ်၊
လွိုင်လင်မြို့၊ နောင်တောင်းရွာအနီးမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို အောက်တိုဘာလ (၁၈) ရက်
နေ့မှာ ဘိန်းခင်းဖျက်ဆီးရေး ပူးပေါင်းအဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လွိုင်လင်မြို့နယ်ရဲစခန်းမှ
ရဲအုပ် ကျော်မျိုးထက် ဦးစီး ၁၀ ဦး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှူး၊
မြို့နယ်စိုက်ပျိုးရေးရုံးမှ လက်ထောက်ဦးစီး၊ မြို့နယ်သစ်တောရုံးမှ တောအုပ်ဦးသန်းလှိုင်၊
မြို့နယ်မြေစာရင်းရုံး မှတစ်ဦး၊ ပအိုဝ်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ကျန်ဆန်းတိုက်နယ်ဥက္ကဌ
ဦးပညာဆန်းနှင့် တပ်ဖွဲ့ဝင် ၃ ဦးအသီးသီးပါရှိတဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်တောင်းရွာသား
၂၀ ဦးနဲ့အတူ နောင်တောင်း ရွာ အနီးမှာရှိတဲ့ ဘိန်းစိုက် ခင်း ၁၀ ဧကကျော်အား ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။
`` ဒီဘိန်းစိုက်ခင်းတွေကို
ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့အရမ်းဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒီဘိန်း စိုက် ခင်း တွေကြောင့်
ကျွန်တော်တို့ပြည်နယ် နာမည်ပျက်ရတယ်။ ကျွန်တော်တို့ ရှမ်း လူမျိုးတွေလည်း မူးယစ် ဆေး
ဝါးစွဲကုန် တယ်။ မူးယစ်ဆေးဝါးဆိုတာကတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်ကိုသာမကဘဲ တစ် ကမ္ဘာ
လုံးကိုဖျက်ဆီးနေတာပါ။ ကျွန်တော်တို့မှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးမှာ တာ
ဝန်ရှိပြီး အားလုံးက တာဝန်သိသိနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ကျွန်တော်တို့ပြည်နယ်မှာ
နောင် ဘိန်း စိုက်ခင်းတွေ ထပ်တွေ့ရင်လည်း ကျွန်တော်တို့အဖွဲ့ကတော့ အစွမ်းကုန်ပါဝင်ကူညီပြီး
ဖျက်ဆီးပေး သွား မှာပါ´´ လို့ ပအိုဝ်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ကျန်ဆန်းတိုက်နယ်ဥက္ကဌ ဦးပညာဆန်းမှ
ပြောကြား သွားခဲ့ ပါတယ်။