Wednesday, October 10, 2012

ခင်ပွန်းနေရာအပြောင်းအရွှေ့ ငွေလိုက်သည့် ဒုရဲမှူးကတော် အလိမ်ခံရ

0 comments
ရဲတပ်ရင်းအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကျပ်သိန်း ၃၀ လိမ်လည်ယူသွားသူများကို ရဲဝန်ထမ်း ၏ ဇနီးကလိမ်လည်မှုဖြင့် တိုင်ကြား အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အမှုဖြစ်ပွားပုံမှာ မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဒုရဲမှူးတစ်ဦးအား ပြောင်းရွှေ့လိုသည့် စစ်ကိုင်း တိုင်းဒေ သကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ပေးနိုင်သည်ဟုဆို၍၎င်းဒုရဲမှူး၏ ဇနီးဖြစ်သူနှင့် သိကျွမ်းဖူး သူက ဆောင်ရွက်ပေး မည်ဆိုကာ ငွေကျပ်သိန်း ၅၀နှင့် ညှိနှိုင်း သဘောတူခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ထို့နောက် ယခုနှစ်ဖေဖော်ဝါရီ ၂၃ရက်နှင့် ၂၇ရက်တို့တွင် ကမ္ဘောဇဘဏ်မှတစ်ဆင့် ငွေကျပ်သိန်း ၃၀ကို ကမာရွတ်မြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးအပါအ ၀င် သုံးဦးသို့ ဒုရဲမှူးဇနီးက လွှဲပေးခဲ့ခြင်းဖြစ် သည်။

ငွေလွှဲပေးခဲ့ပြီးသော်လည်း ပြောင်းရွှေ့ခြင်းကိစ္စမှာ ထူးခြားချက်မရှိသဖြင့် ငွေလိမ်လည်ရယူသွားသူ သုံးဦး ကို အရေးယူပေးရန် ဇနီးဖြစ်သူက တရားလိုပြုလုပ်တိုင်တန်း ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါအမှုကို ကမာရွတ်ရဲစခန်းက (ပ)၃၇၂/၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၂၀ ဖြင့် အမှုဖွင့်ပြီး တရားခံ များ ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here