Wednesday, October 10, 2012

တောင်ကိုရီးယားကငွေကြေးအကူအညီနှင့် နေပြည်တော်တွင် အမျိုးသားသုတေသနဌာနတည်ထောင်ပေးရန် နှစ်နိုင်ငံခေါင်းဆောင်များသဘောတူ

0 comments
တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ အောက်တိုဘာ ၉ရက်ကတွေ့ဆုံဆွေးနွေးအပြီးတွင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် သံတမန် ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ကိုးရီးယားဟာရက် သတင်းဌာန က ရေးသားလိုက်သည်။
ဆိုးလ်မြို့တွင် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံအပြီး ရင်းနှီးမြှပ်နှံမှုများကာကွယ်ပေးရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အရင်း အမြစ် များနှင့်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတွင်    ပူးပေါင်းဆောင်ရွက်ရေးများ တွန်း အားပေးဆောင် ရွက်ကြရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
နှစ်ဘက်ဝန်ကြီးများသည် ဆိုးလ်၏ငွေကြေးအကူအညီပေးရေးနှင့် နေပြည်တော်တွင် အမျိုးသားသုတေသနဌာနတည်ထောင်ပေးရန် သဘောတူစာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ကြကြောင်း လည်းသတင်းများတွင်ဖော်ပြထားသည်။
“မြန်မာသမ္မတဦးသိန်းစိန်က သူ့ရဲ့ မူဝါဒများနှင့်ရှေ့ရည်မှန်းချက်များကိုပြောပြရှင်းလင်းတဲ့အခါ သမ္မတအီမြောင် ဘတ် က မြန်မာရဲ့လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အထူးချီးကျူးခဲ့ပါတယ်။ပြီးတော့မြန်မာနိုင်ငံ အမျိုး သား အဆင့်ဖွံ့ဖြိုးတိုးတက်ရေးနဲ့စီးပွားရေးတိုးတက်ရေးများဆက်လက်ဖြစ်ထွန်းရေးကို သမ္မတအီက ဆုမွန်တောင်းပေးခဲ့ပါတယ်”  ဟု တောင်ကိုရီးယားသမ္မတရုံးက တရားဝင်သတင်းထုတ်ပြန်သည်။
သမ္မတဦးသိန်းစိန်၏ တောင်ကိုရီးယား ၃ရက်တာခရီးတွင် သမ္မတသည် တောင်ကိုရီးယားစီးပွားရေးအသိုင်း အ၀န်းနှင့်တွေ့ဆုံခြင်း၊စက်မှုလုပ်ငန်းများလေ့လာခြင်း၊ရပ်ရွာခေါင်းဆောင်များ  အတွက် ဖွင့်လှစ်ပေးထားသော သင်တန်းကျောင်းသို့သွားရောက်လေ့လာခြင်းများပြုလုပ်သွားမည်ဟုသိရသည်။
သမ္မတဦးသိန်းစိန်သည် ကိုရီးယားကုန်သွယ်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေးအေဂျင်စီဥက္ကဋ္ဌ အိုရောင်ဟိုနှင့် တွေ့ဆုံခဲ့ပြီး သမ္မတကြီးက မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့အပြင်ကိုရီးယားကုမ္ပဏီများအနေဖြင့်အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း၊လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှပ်နှံကြရန်ဆော်သြခဲ့သည်။
မြန်မာနှင့်တောင်ကိုရီးယားတို့သည် ၁၉၇၅ခုနှစ်တွင် သံတမန်ဆက်သွယ်ရေးထူထောင်ခဲ့ကြသည်။သို့ရာတွင် ၁၉၈၃ခုနှစ်အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား ၀န်ကြီးများအပါအ၀င် အရာရှိ ၁၇ဦးသေ ဆုံး ခဲရအပြီး နှစ်နိုင်ငံဆက်ဆံရေး အေးစက်ခဲ့သည်။ယခှုနှစ်မေလတွင် တောင်ကိုရီးယာားသမ္မတအီမြောက်ဘတ် မြန်မာနိုင်ငံနေပြည်တော်သို့ ချစ်ကြည်ရေးခရီးလာရောက်အပြီး နှစ်နိုင်ငံဆက်ဆံရေးများပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ကျောင်းသူကျောင်းသားများကလှိုက်လှဲစွာကြိုဆို
 Myanmar Express

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here