ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ရွှေ့ပြောင်းလုပ်သားများနှင့် တိုင်းရင်းသား များ အတွက် ပြည့်စုံလုံလာက်သော ကျန်းမာရေး စနစ် တစ်ရပ်သာ အကောင် အထည်ပေါ်လာပါက မယ်တေ
ာ်ဆေးခန်းဟူ၍ ရှိစရာပင် လိုတော့ မည်မဟုတ်ဟု ဒေါက်တာ စင်သီယာမောင်က ဆိုသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသော မယ်တော်ဆေး ခန်းသို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့ ဇွန်လအတွင်းက လာ ရောက်ခဲ့ပြီး မယ်တော်ဆေးခန်း အား ပြည်တွင်း ၌ပြောင်းရွှေ့ အခြေစိုက် ရေးအတွက် တိုက်တွန်းပြောကြား ခဲ့သည်။ သို့ရာတွင် ဒေါက်တာစင်သီ ယာမောင်က မယ်တော်ဆေး ခန်း အား ပြည် တွင်း သို့ ပြောင်းရွှေ့အခြေစိုက် ရေးမှာ မဖြစ်နိုင်ဟု တုံ့ပြန်ခဲ့ခြင်း အား ဝေ ဖန်မှုများ ရှိလာရာ ဒေါက်တာ စင်သီယာမောင်က ယခုကဲ့သို့ တုံ့ပြန် ပြော ကြား ခဲ့ခြင်း ဖြစ်သည်။