Thursday, November 28, 2013

(၉၃)နှစ်မြောက် အမျိုးသားနေ့အခမ်းအနား ကျိုင်းတုံမြို့၌ ကျင်းပ

0 comments
ကျိုင်းတုံ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်း၊ သံလွင်ခန်းမတွင် (၉၃)နှစ် မြောက်အမျိုးသားနေ့အခမ်းအနားကို နိုဝင်ဘာ(၂၇)ရက်နံနက်(၇)နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ တွဲဖက်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့်နှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေဦးစွာ အခမ်းအနားဖွင့်လှစ်၍ ကျိုင်းတုံမြို့ အထက(၁) ကျောင်းသား/ကျောင်းသူလေးများက ပြည်မြန်မာ သီချင်းဖြင့် သီဆို ဖျော်ဖြေကြပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့သော (၉၃)နှစ်မြောက် အမျိုးသားနေ့ သ၀ဏ်လွှာ ကိုကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင် ကဖတ်ကြားသည်။ ဆက်လက်ပြီး အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူအသီးသီးက ဆုများပေးအပ် ချီးမြှင့်ကာ အထက(၄) ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။

MOI

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here