Tuesday, October 16, 2012

အက္ခရာ နံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး အပ်နှံနိုင်ပြီ

0 comments
ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး စီမံချက်အရ အက္ခရာနံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး အပ်နှံနိုင်ပြီး ကားတင်သွင်းခွင့်ပါမစ် တစောင်စီ ရရှိမှာ ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ အပ်နှံနိုင်တဲ့ မာဇဒါ အုပ်စုဝင်ကားတွေဟာ ဌာနဆိုင်ရာ အသီးသီးကနေ လေလံပစ်ပြီး အများပြည်သူတွေ ကို ရောင်းချထားတဲ့ ကားတွေ ဖြစ်ပါတယ်။ဒီကားတွေဟာ နောက်ပိုင်း လေလံအောင် ကားတွေ ဖြစ်တဲ့အတွက် အက္ခရာ မြင့်ပေမယ့်လည်း ကားမော်ဒယ်တွေ အလွန်နိမ့်ပြီး အိုမင်းဟောင်းနွမ်းနေတဲ့ ကားတွေ ဖြစ်ပါတယ်။

မီးရထားဝန်ကြီးဌာနဟာ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းတဲ့ အစီအစဉ်ကို မှတ်ပုံတင်ထားတဲ့ အက္ခရာစဉ် အလိုက် ဖျက်သိမ်းခွင့်ပြုခဲ့ပြီး လက်ရှိ ဗ အက္ခရာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အက္ခရာစဉ်အလိုက် မဟုတ်ဘဲ ကားအမျိုးအစားအလိုက် ဖျက်သိမ်းခွင့်ပြုတာကတော့ ဒါ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here