Monday, October 15, 2012

ဖန်သားပြင်ထဲ သိမ်းဆည်းမှတ်သားနိုင်မည့် Storage device အသစ်

0 comments
October 15 , 2012

Memory Stick တွေကို အစားထိုးမယ့် နည်းပညာလို့ ဂျပန်နည်းပညာ ကုန်ပစ္စည်း ကုမ္မဏီ ဟီတာချီမှ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါတယ်။

၂ စင်တီမီတာ ပတ်လည် သာရှိပြီး အထူ ၂ မီလီမီတာသာ ရှိတဲ့ အပြား ကလေး ဖြစ်ပါတယ်။ ယင်းအပြားလေးရဲ့ သိမ်းဆည်းနိုင်မှုစွမ်းအားကို လက်ရှိ အသုံးပြုနေတဲ့ Memory stick ထက် မြင့်တင်ပေးမှာ ဖြစ်ပါတယ်။ တာရှည်ခံမှုက အဓိက အားသာချက် ဖြစ်ပြီး နှစ်ပေါင်း သန်း ၁၀၀ ကျော်လည်း အချက်အလက်တွေ ပျက်ဆီးမသွားဘူးလို့ ကုမ္မဏီက အာမခံထားပါတယ်။

Binary စနစ်နဲ့ အချက်အလက်များကို သိမ်းဆည်းထားပေးပြီး သာမန် Stick မှာ 35 MB ဆံ့ရင် 40 MB ဆံ့စေရမယ်လို့ ဆိုပါတယ်။ အရွယ်အစား လည်း သေးငယ်ပြီး သိမ်းဆည်းနိုင်မှုကိုလည်း အဆင့်မြင့်တင် ထားမှာ ဖြစ် ပါတယ်။ အပူချိန် ၁၀၀ ဒီဂရီမြင့်မားတဲ့ ပတ်ဝန်းကျင်မှာလည်း ပျက်ဆီး မသွားပါဘူး။ ရေဆိုခံပြီး အတွင်းက အချက်အလက်များကို မပျက်ဆီး စေတဲ့ ဖန်သား ဖြစ်ပါတယ်။

ယင်းနည်းပညာကို Hitachi ကုမ္မဏီမှ တီထွင်အောင်မြင်ပြီး ဖြစ်ရာ ၂၀၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်မယ်လို့ သိရပါတယ်။
--
Ref: itnewshub.
Aung Kham (TSJ team)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here