လယ် မှ ဈေးအထိ ချီတက် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း အဆိုပါပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးတိုး ကပြောသည်။
``မိုးပြာဂိုဏ်းက ဘုန်းကြီးတစ်ပါး ကို အောင်ပန်းဓမ္မစာပေပြန့်ပွားရေး အသင်းနဲ့ မြို့မိမြို့ဖတွေက သာသနာ ညှိုးနွမ်းမှု နဲ့ တရားစွဲထားတာကို သာသနာရေးဝန်ကြီးဌာန ကလည်း ၀င်ရောက်ဆောင် ရွက်
ပေးခြင်း မရှိဘူး။ နောက် တရားသူကြီးတွေ မမှန်မကန်ဆုံးဖြတ်မှာစိုးတဲ့အတွက် ဆန္ဒထုတ်ဖော်ဖို့ခွင့်ပြုချက်
တောင်းတာ။ ဒီနေ့ပဲ ခွင့်ပြုချက်ရပါတယ်´´ဟု ဦးတိုးကပြောသည်။
အဆိုပါဘုန်းကြီးအား လွန်ခဲ့သောသုံးလက တရားစွဲဆိုထားခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ ရက်တွင် အမိန့်ချမည်ဟုသတင်းရရှိသည်။
7Day News Journal