Tuesday, October 16, 2012

ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် OIC နှင့်ပတ်သက်သည့် မည်သည့်ရုံးခန်းမှ မရှိ

0 comments
16-10-2012
အင်တာနက်တွင် ကောလဟာလပြန့်နှံ့လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီ အသင်းရုံးတွင် လူ(၄)ဦးနှင့် OIC ရုံးခန်း ဖွင့်လှစ်နေ သည် ဟူသော သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း၊ OIC နှင့် ပတ်သက်သည့် မည်သည့် ရုံးခန်းမှ လက်ခံထားခြင်း မရှိေ ကြာင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောကြားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးတွင် IFRC, ဒိန်းမတ်ကြက်ခြေနီ၊ ပြင်သစ် ကြက်ခြေနီ၊ သြစတြေးလျကြက်ခြေနီ အစရှိ သည့် နိုင်ငံတကာ ကြက်ခြေနီ/လခြမ်းနီဆိုင်ရာ အဖွဲ့အစည်းများသာ ရှိကြောင်း သိရှိရသည်။

အသေးစိတ် သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရသည်-

ဒေါ်ရွှေစင်မြင့်
ဌာနမှူး
ပြန်ကြားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန
မြန်မာနိုင်ငံကြက်ခြေနီအသင်း
Ph-01-392028, Extension 115

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here