Thursday, October 25, 2012

ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ယောင်ပြပြီး အတင်းအဓ္ဓမလူသစ်စုဆောင်းနေ

0 comments
အောက်တိုဘာ(၂၅)

ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အဖွဲ့ဟာ KIA နှင့်ပူးပေါင်းပြီး နမ့်ဆန်-မိုင်းတုံမြို့နယ်အတွင်းမှာ ဒေသတွင်းမူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ရောင်းဝယ်ခြင်းနဲ့ သုံးစွဲခြင်းများ မရှိရအောင်ဆိုပြီး ခေါင်းစဉ်တပ်ကာ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသားများကို အတင်းအဓ္ဓမ စုစည်းခိုင်းပြီး လူသစ်စုဆောင်းနေတယ်လို့သိရပါတယ်။



နယ်မြေအတွင်းမှာရှိတဲ့ ပန်စရီရွာက ၂၀ ဦး၊ အနောက်ကင်းရွာက ၂၅ ဦး၊ မန်ဖတ်ရွာက ၁၅ ဦး၊ ဟိုနမ့်ရွာက ၅ ဦးနဲ့ ကောင်းကလောရွာက ၂၀ ဦးတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စုစည်းပေးထားရန်နဲ့ အခု ဒီ .အောက်တိုဘာလကုန်တာနဲ့ လာခေါ်မှာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ မန်ဆတ်ကျေးရွာသား ဦးရွှေမောင်မှ မကျေမနပ်နဲ့ပြောပြပါတယ်။
``အစိုးရတပ်တွေ ဒီ.ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ နမ့်ဆန်-မန်တုံနယ်မြေတွေမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတာ ၅/၆ လလောက်ရှိနေပြီ၊ သူတို့တွေလာရင် ဆေးအလကားကုပေး တယ်၊ နို့ဆီဗူးလေး၊ အမဲငါးဗူးလေးတွေပေးတယ်၊ တတ်နိုင်သလောက်ပေါ့နော် ပေးကြတယ်။ ရွာသူရွာသား တွေကိုလည်း အနိုင်မကျင့်ပါဘူး၊ သူတို့လာရင် ရွာငြိမ်းချမ်းတယ်ပေါ့နော်.. ပလောင်အဖွဲ့တွေက ရွာတွေ လိုက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေတယ်ဆိုပြီး တစ်ကယ်လည်း မလုပ်ဘူး``
`` ဒီလ ၂၀ ရက်နေ့က မန်ဆတ်ရွာသား TNLA က ဖိုးလှ(ခ)အိုက်လှကို အစိုးရတပ် ခမရ (၅၀၁) က ဘိန်းမဲတွေနဲ့ ထောင်ဂဏန်းကျော်လောက်ရှိတဲ့ WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိသွားတယ်။ အဲဒါ ပန်ကွဲရွာမှာနေတဲ့ လှဖေကို ပေးဖို့ယူလာတယ်လို့ကြားတာပဲ။ လှဖေက KIA နဲ့ TNLA အဖွဲ့တွေသုံးစွဲဖို့ တစ်ဆင့်ခံဝယ်ပေးနေရတာ။ KIA နဲ့ TNLA ပြောတော့ မူးယစ်ဆေးဝါးမသုံးနဲ့၊ မလုပ်နဲ့၊ မစိုက်နဲ့လို့သာ ပြောတာ အခုတော့ သူတို့ကိုယ်တိုင်ဝယ်နေတယ်၊ နားမလည်တော့ဘူး´´ လို့ နမ့်ဆန်မြို့   ဒေသခံတစ်ဦးမှ ပြောပြ ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here