Tuesday, November 27, 2012

လွိုင်ကော်မြို့တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အဖွဲ့မှ မိုးပွင့်အဆင့်(၄) စီမံချက်ဆောင်ရွက်

0 comments

နိုဝင်ဘာ(၂၇)


ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယား(က) ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် စမ်းသပ် သန်းကောင် စာရင်း ကောက်ယူခြင်းလုပ်ငန်းနဲ့ ပက်သက်ပြီး ဆွေးနွေးခြင်းအခမ်းအနားကို နိုဝင်ဘာလ(၂၅)ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဒုဝန်ကြီး ဦးဝင်းမြင့်၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များအပြင် ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖ စုစုပေါင်း(၃၅၀)ခန့် တက်ရောက် ခဲ့ပါတယ်။

ဝန်ကြီးနဲ့အဖွဲ့တွေဟာလွိုင်ကော်မြို့နယ်၊ နွားလ၀ိုးကျေးရွာ ထေရ၀ါဒဘုန်းတော်ကြီး ကျောင်း ငွေပုလဲဓမ္မာရုံမှာ မိုးပွင့်အဆင့်(၄)စီမံချက်ဖြင့် အယောက်(၂၀၀)ကျော် နိုင်ငံသားစိစစ်ရေးကဒ်အခမဲ့ ပြုလုပ်ပေးခြင်းကိုကြည့် ရှု စစ်ဆေးခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here