Tuesday, November 27, 2012

ပြည်ပ အမြန်ချောပို့ လုပ်ငန်း ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုမည်

0 comments
နိုဝင်ဘာ(၂၇)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်းရှိ အပြည်ပြည် ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီ များအား မကြာမီ လုပ်ကိုင်ခွင့် ပြုတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လောလော ဆယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက EMS နှင့် DHL ဝန်ဆောင်မှု များကို ဆောင်ရွက် နေသော်လည်း စည်းကမ်းနှင့် ညီညွတ်ပါက ပုဂ္ဂလိကအား လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း  စီမံကိန်းနှင့် လေ့ကျင့်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တရားဝင် လုပ်ကိုင် လိုသူများ အနေဖြင့် နေပြည်တော်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း စီမံကိန်းနှင့် လေ့ကျင့်ရေး ဌာန ဗဟို စာတိုက်ကြီးသို့ နိုဝင်ဘာ ၃ဝ ရက် နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်း သိရသည်။ ယခု အခါ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်းရှိ ပုဂ္ဂလိက အမြန်ချောပို့ လုပ်ငန်း သုံးခုကို ခွင့်ပြု ပေး ထားပြီး ပြည်ပ အမြန်ချောပို့ လုပ်ငန်းကိုပါ ယခုမှသာ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင် များအား လျှောက်ထား ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here