Monday, November 5, 2012

တောင်ကြီးမြို့က အသေးစား မီးလောင်မှု

0 comments
နိုဝင်ဘာ(၅)


ယမန်နေ့ နံနက် ၁၀း၁၅ နာရီက တောင်ကြီးမြို့၊  ရတနာသီရိရပ်ကွက်၊ ပုလဲလမ်း၊  အိမ်မှတ် ၃၄၄ ရှိ အောင်မင်္ဂလာ မွေ့ယာဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အိမ်နောက်ဘက် လှမွေ့အိတ် ဂိုဒေါင်တွင် ၀ါယာရှော့ ဖြစ်ပြီး စတင် လောင်ကျွမ်းခဲ့ကြောင်း၊  အိမ်ဘေး ကပ်လျက်ရှိ ကိုသာထူးက ပြောသည်။

 ရပ်ကွက်တွင်းရှိ ကိုကျော်လင်းထွန်း၊ ချစ်ဆန်းပို၊ ကိုနေ၀င်းတို့က ပြေးဝင်ပြီး အခန်းတွင်းရှိ မှန်များ၊ ကြမ်းပြင်များ ခွာကာ ရေလောင်းခဲ့ကြောင်း၊ ထို့နောက် ရပ်ကွက်တွင်း နေထိုင်သူ အများအပြား ရောက်လာပြီး ကူညီသဖြင့် ၁၀း၃၀ တွင် မီးများ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ကူညီသူတဦးဖြစ်သည့် ကိုနေ၀င်းမှာ မီးခိုး မွန်ပြီး သတိလစ်သွားသဖြင့် ဆေးရုံသို့ ပို့ပေးခဲ့ရကြောင်း ကိုကျော်လင်းထွန်းက ပြောသည်။



 
မှန်များ ၀င်ရောက်ခွဲသူ  ကိုကျော်လင်းထွန်း ကိုယ်တိုင်လည်း မျက်နှာ၊ လက်တို့တွင် ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

        ရပ်ကွက်အတွင်း ၀ိုင်းဝန်းကူညီသူ လူအင်အားများပြီး၊  ရေရောင်းသည့် ကားတချို့ပါ ကူညီပေးသဖြင့် မီးသတ်ကားများ မရောက်လာခင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရပ်ကွက်တွင်းနေသူများက တညိတညွတ်ထည်း ပြောသည်။

 ဂွမ်းမွေ့ယာထုတ်များ၊ မီးလောင်၊ ရေစိုခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး အတိအကျ တွက်ချက်နိုင်ခြင်း မရှိသေးကြောင်း အောင်မင်္ဂလာမွေ့ယာဆိုင်ရှင်က ပြောသည်။

မီးလောင်မှု အတွက်  အမှတ် (၂) ရဲစခန်းက အိမ်ရှင်ဖြစ်သူ ဦးစိုးမြင့်ထွန်းကို ပြစ်မှု ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။





ဧရာဝတီBlog

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here