Monday, November 5, 2012

တောင်ကြီးမြို့ရဲ့ ပထမဆုံးဂျာနယ်အား ပုဂ္ဂလိက အဖြစ်ထုတ်ဝေ

0 comments



 တောင်ကြီး၊ နိုဝင်ဘာလ ၅ ရက်

တောင်ကြီးမြို့၏ ပထမဆုံးသော ဂျာနယ်အဖြစ် “ The Eastern Yoma Journal ” အား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး ပုဂ္ဂလိကအဖြစ်ထုတ်ဝေခဲ့ကြောင်း သိရပါတယ်။  အဆိုပါဂျာနယ်အား ထုတ်ဝေသူ အဖြစ် ဦးသန်းလွင်နှင့် ကိုမြတ်သူစံ ( ၀ါးခယ်မ ) တို့မှ ဆောင်ရွက်ပြီး တာဝန်ခံအယ်ဒီတာ အဖြစ် ကိုနိုင်လင်းက ဆောင်ရွက်မှာဖြစ်ပါတယ်။ အယ်ဒီတာအဖြစ် ကိုဆက်နိုင်မှလည်းကောင်း၊ သတင်း အယ်ဒီတာ အဖြစ် ကိုမြ၀န်းရံ နှင့် ကိုစိုင်းငယ်မှ လည်းကောင်း၊ အကြီးတန်းသတင်းထောက်အဖြစ်  ကိုဖိုးသား(DVB) နှင့် မမာယာထွေးလှိုင်၊ သတင်းထောက်များအဖြစ် ကိုရဲရဲ၊ ကိုယွန်းဟန်၊ ကိုကောင်းဇေတို့မှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။  အဆိုပါဂျာနယ်အား အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ဝေမှာဖြစ်ပြီး တစ်စောင်လျှင် တန်းဘိုး (၄၃၀)ကျပ်ဖြင့် ရောင်းချဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ ဂျာနယ်တိုက်ရုံးခန်းအား တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ နန်းထက် အင်တာနက်ဆိုင်တွင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဂျာနယ်တွင် ရှမ်းပြည်တောင်ပိုင်း သတင်းများအပြင် မြန်မာတစ်နိုင်ငံလုံးရှိ သတင်းများအား ဖော်ပြပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here