Tuesday, November 20, 2012

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပမည့်အစီအစဉ်များ

0 comments

နိုဝင်ဘာ (၂၀)












 ယခင်နှစ်တောင်ကြီးတန်ဆောင်တိုင်ပုံရိပ်များ


၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရှမ်းပြည်နယ် တောင်ကြီးမြို့၏ တန်ဆောင် တိုင် ပွဲတော် အား နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၉)ရက် တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား အောက်ပါအစီအစဉ်များအတိုင်း ကျင်းပသွားမယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီမှ ပြောကြားသွားပါတယ်။

- နိုဝင်ဘာလ(၂၁)ရက်နေ့မှ(၂၇)ရက်နေ့အထိ မီးပုံပျံနဲ့ အရုပ်မျိုးစုံ လွှတ်တင်ပြိုင်ပွဲအား နေ့/ည ယှဉ်ပြိုင်ခြင်း။
-       နိုဝင်ဘာလ(၂၇)ရက်ညတွင် စူဋ္ဌာမုနိရင်ပြင်ပေါ်၌  မသိုးသင်္ကန်းယက်လုပ်ပြိုင်ပွဲကျင်းပခြင်း
-  နိုဝင်ဘာလ (၂၈) ရက် နံနက်ပိုင်းမှာ စူဋ္ဌာမုနိရုပ်ပွားတော် (၄) ဆူနှင့် တောင်ကြီးမြို့ပေါ်ရှိ ဗုဒ္ဓရုပ် ပွားတော် (၆) ဆူတို့ကို အသိုးသင်္ကန်း ဆပ်ကပ်လှူဒါန်းပြီး ဆုပေးပွဲကျင်းပခြင်း။
-  နိုဝင်ဘာလ (၂၈) ရက်နေ့လည်ပိုင်းမှာ မြို့မဈေးမှစ၍ မြို့လုံးကျွတ် ကထိန်လှည့်လည်ပွဲ ပြုလုပ်ပြီး မြို့လည် ဓမ္မာရုံတွင် စုစည်းလှူဒါန်းခြင်း။
- နိုဝင်ဘာလ (၂၈) ရက်နေ့ည ရိုးရာမီးပဒေသာလှည့်လည်ပွဲအား တောင်ကြီးမြို့အတွင်းမှ စူဋ္ဌာမုနိစေတီတော်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခြင်း။
-       နိုဝင်ဘာလ (၂၉) ရက်နေ့တွင် တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲနှင့် မီးပုံပျံ/ မီးပဒေသာ ဆုရရှိသူများအား ဆုပေးပွဲကျင်းပခြင်းတို့ဖြစ်ပါတယ်။

  တန်ဆောင်တိုင်မီးထွန်းပွဲတော်အတွင်း အဝေရာမီးပုံပျံကွင်းတွင် ဈေးပွဲတော်များ  ၊ အရောင်းပြခန်း များ၊ ကြေငြာလုပ်ငန်းများ၊ အခြားပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပပေးသွားမှာဖြစ်ပြီးတော့ ပွဲတော် လုံခြုံရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အား (၅၀၀) ကျော် ၊ အရံအင်အား (၂၀၀) ကျော်နဲ့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့ဝင် (၂၀၀) ကျော်တို့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးမှ ပြောပြသွားပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here