Thursday, June 27, 2013

UWSA “၀” အဖွဲ့ ယာဉ်တန်းကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်

0 comments

ဇွန်လ ၂၇ ရက်

UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၀မ်ဟုန်-ဆီယုတ် ကားလမ်းကြားရှိ မိုက်ဆန်းရွာသို့ ဇွန် ၂၅ ရက်နေ့  ည ၁၂ နာရီခန့်တွင် UWSA “၀” အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော 4 x 4 ယာဉ်တန်း ၀င်ရောက်လာသည့် အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း မိုက်ဆန်းရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ယာဉ်တန်းသည် 4 x 4  အမျိုးအစားယာဉ်ငယ်အစီး ၂၀ ခန့်ရှိပြီး “၀” ယူနီဖောင်းဝတ် အဖွဲ့ဝင် ၂၀၀ ဦး ခန့်ရှိနိုင်ကြောင်း၊ မိုက်ဆန်းရွာမှတစ်ဆင့် လွယ်တွန်းဘက်သို့ ခြေလျင်ဆက်သွားကြကြောင်း၊ ၎င်းလွယ်တွန်း ဒေသ၌ “၀” စခန်း လေး၊ ငါးခုခန့်ရှိပြီး အင်အားထပ်ဖြည့်ခြင်းဖြစ်နိုင်ကြောင်း၊ ဇွန် ၂၆ ရက်နေ့ မနက် ၁၀ နာရီ ခန့်တွင် ယာဉ်တန်းမှာ ဆီဟုတ်-မိုင်းယွန်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

UWSA “၀” အဖွဲ့သည် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အသိအမှတ်ပြုရေး တောင်းဆိုထားမှုနှင့် ပတ်သက်၍  အစိုးရအဖွဲ့နှင့် အဆင်မပြေမှုများရှိနေသည့်အတွက် ယခုကဲ့သို့ “ ၀ ” အဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းလိုက်ခြင်းကြောင့် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွား လာမှာကို စိုးရိမ်နေကြပြီး ကချင်ပြည်နယ်က ဒုက္ခသည်စခန်းများကဲ့သို့ “ ၀ ” ဒေသမှာလည်း ဒုက္ခသည် စခန်းများ ဖြစ်လာမှာကို ဒေသခံများက မလိုလားကြကြောင်း သိရှိရပါသည်။

စိုင်းလုံ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here