Friday, November 2, 2012

ရခိုင်ပါတီ(၂)ခုအား ကော်မရှင်က ခေါ်ယူ သတိပေး

0 comments
နိုဝင်ဘာ(၂)

တစ်ကျောပြန်ဖြစ်ပွားလာသည့်ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်း ရင်း သား များ တိုးတက်ရေးပါတီများအနေဖြင့်မတည်ငြိမ်မှုများအားဝိုင်းဝန်းထိန်းသိမ်းပေး ရန်  နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ(၁)ရက်နေ့က ခေါ်ယူအသိပေးခဲ့
 ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတ်ီက သိရသည်။

 “ထူးထူးခြားခြားပြောတာတော့ မရှိပါဘူး၊ ရခိုင်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကိုဝိုင်းဝန်းပြီး ထိန်း သိမ်း ပေးဖို့ ပြောတာဖြစ်တယ်”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတ်ီမှ ဦးခိုင်ပြည်စိုးက ပြောသည်။

 
ထိုသို့ခေါ်ယူရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ  ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့်၊  အတွင်းရေးမှူးဦးမျိုးကျော်  ဗဟို အလုပ်အမှုဆောင် ဦးမျိုးဆွေနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ဦးဘရှိန်နှင့် ဦးဖေသန်းတို့တက်ရောက်ခဲ့သည်။

 
“ မနေ့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ RNDP ပါတီကို ကော်မရှင်က ခေါ်ပြီးပြောတယ်၊ဒီအရေး အခင်းနဲ့ ပတ်သက်ပြီးတော့ မပါဝင်ဖို့၊ ပတ်သက်လို့ရှိရင်လည်း ကော်မရှင်ရဲ့စည်းမျဉ်းအရ အရေး ယူမယ်ဆိုတာ ကိုလည်း ပြောပါတယ်”ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူ ဦးမျိုးကျော်က ပြောသည်။

 အောက်တိုဘာ (၂၁)ရက်နေ့ မင်းပြားမြို့ကင်းဆိပ်ကျေးရွာနှင့်ကပ်လျှက်ရှိသည့်ပိုက်သည်ရွာလင်မယာနှစ် ဦးစကားများရာမှစတင်ခဲ့သည့်ဖြစ်စဉ်ကြောင့် မြောက်ဦး၊ ကျောက်တော်၊  ပေါက်တော၊ ရသေ့တောင်၊  မြေပုံ  ၊ကျောက်ဖြူ ၊ရမ်းဗြဲမြို့နယ်များသို့ ကူးစပ်ခဲ့ခြင်းဖြစ်သည်။

 
တစ်ကျောပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့်  အောက်တိုဘာလ(၂၁)ရက်နေ့မှ(၃၀)ရက် နေ့အထိ စာရင်းများအရ သေဆုံးသူ(၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊မီးလောင်ပျက်ဆီးသည့်လူနေအိမ် (၅၃၅၁) လုံး  နှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ (၃၂၂၃၁)ဦးရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်ချက်များ အရ သိရ သည်။

 ဇွန်အတွင်းက ဖြစ်ပွားခဲ့သောဖြစ်စဉ်များ၌လည်း ရခိုင်ပါတီများအား ခေါ်ယူအသိပေးမှုများရှိခဲ့ကြောင်း သိရသည်။

 ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်လည်း မောင်တော၊စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ်များ၌ အိမ်ခြေ ပေါင်း(၅၃၃၈) အိမ်၊အဆောက်အဦး (၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့သည့် အတွက် အိမ်ထောင်စုပေါင်း(၁၂၂၄၂) စု လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

 လက်ရှိ အနေအထားတွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်သည်ဟု ရခိုင်ပြည်နယ်သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီအတွင်းရေးမှူးဦးဝင်းမြိုင်က ဆိုသည်။

မြစ်မခမီဒီယာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here