နိုဝင်ဘာ (၂၀)
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကြီးကို နိုဝင်ဘာ ၂၁ရက်(တန်ဆောင်မုန်း လဆန်း ၈ ရက်)မှ နိုဝင်ဘာ ၂၉ ရက် (တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်) အထိ အဝေရာ မီးပုံးပျံ ပြိုင်ကွင်းတွင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်သည်။
ပွဲတော် အတွင်း မြို့ပေါ် ရပ်ကွက်များ မှ နေ့ည မီးရှူး၊ မီးပန်း၊ မီးပုံးပျံများ လွှတ်တင်ခြင်းကြောင့် မတော်တဆ မီးလောင်မှုများ ဖြစ်ပွား ပေါ်ပေါက် လာနိုင်ခြင်း၊ ပွဲဈေး အတွင်း မီးသုံး စွဲသော ဈေးဆိုင် ခန်းများ၏ မီးပေါ့ဆ မှုကြောင့် မတော်တဆ မီးကူးစက်၍ မီးလောင်မှု များ ဖြစ်ပွား ပေါ်ပေါက် လာနိုင်ခြင်း၊ ရပ်ကွက်များ အတွင်း မီးပုံးပျံပြုတ်ကျရာမှ မီးစ တင် လောင်နိုင်ခြင်းတို့ကြောင့် ပြည်နယ် မီးသတ်ဦးစီး ဌာနမှူး ဦးစီးသော သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် ၃ဝ ဦးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၁ဝဝ ဦးတို့ဖြင့် မီးငြှိမ်း သတ်ယာဉ် လေးစီး၊ အထောက်အကူပြု မီးသတ်ယာဉ် နှစ်စီး၊ အပေါ့စား မီးသတ်စက် နှစ်လုံး၊ မီးသတ် ဆေးဘူး များနှင့် မီးချိတ်မီးကပ်များ စသည်တို့ကို တောင်ကြီး တန်ဆောင်တိုင် ပွဲတော်အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး နှင့် မီးငြှိမ်းသတ်ရေး အတွက် ကြိုတင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
မြ၀တီ