Tuesday, November 20, 2012

တာချီလိတ်မြို့တွင်း လျှပ်စစ်ဓါတ်အားသုံးစွဲခနှုန်းထားကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလအစမှစ၍ လျော့ချကောက်ခံမည်ဟု သိရ

0 comments
နိုဝင်ဘာ(၂၀)

တာချီလိတ်ခရိုင်/မြို့နယ် အတွင်းဖြန့်ဝေအသုံးပြုလျှက်ရှိသည့် လျှပ်စစ်ဓါတ်အားခနှုန်းထား ဘတ်ငွေ(၆.၂၅)ပြားမှ ဘတ်(၆.၀)အဖြစ်သို့ လျော့ချသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့နယ် (နယ်မြေတာဝန်ခံ) ဒေါ်တင်မေထွန်း၏ တင်ပြချက်အရ  နိုဝင်ဘာ(၁၉)ရက်နေ့က ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ရောက်ရှိစဉ် လျှပ်စစ်ဓါတ်အားခ လျှော့ချရေးနှင့် ပတ်သက်၍ တာချီလိတ်မြို့ မီးလင်းရေးကော်မတီအဖွဲ့နှင့် အစည်းအဝေးပြုလုပ်ရာ လက်ရှိ တစ်ယူနစ်နှုန်းထားဖြစ်သော ဘတ်(၆.၂၅)ပြားမှ (၆.၀)ဘတ်သို့ သတ်မှတ်လိုက်သဖြင့် ဘတ်(ဝ.၂၅)ပြား လျှော့ချနိုင်ခဲ့ကြောင်း သိရှိရပါ တယ်။

မီတာခ လျှော့ချသတ်မှတ်လိုက်သည့် (၆.၀)ဘတ်နှုန်းထားအား ၂၀၁၃ခုနှစ် ဇန်န၀ါရီလမှသာ စ၍ ကောက် ခံ မှာဖြစ်ကြောင်း သိရှိရပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here