Tuesday, November 6, 2012

ဖော်တော်ဦးဘုရား ဂေါပကအဖွဲ့၏ လူလည်ကျမှုတာဝနှ်ရှိသူများ သိစေချင်ဟုဆို

0 comments
ဖော်တော်ဦးဘုရား ဂေါပကအဖွဲ့၏ လူလည်ကျမှုတာဝနှ်ရှိသူများ
သိစေချင်ဟုဆို
Tuesday, November 6, 2012 

အင်းလေးဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့ဝင်(၉)ဦးတို့၏ ဘုရားဆိုင်ခန်း
များအား သတ်မှတ်စပေါ်ငွေသွင်းခြင်းမပြုဘဲ မိမိတို့ ကိုယ်ကျိုးစီးပွား
အတွက် အသုံးချနေခြင်း၊ ဘုရားပိုင်ဆိုင် ခန်းများအား မိမိတို့သဘောဖြင့်
 ရောင်းစားခြင်းများပြုလျက်ရှိနေခြင်း၊ ဘုရားနှင့် ပတ်သက်၍ တာဝန်ကင်းစွာနေလျက်ရှိနေခြင်းတို့အား ပြည်နယ်အဆင့် တာဝန် ရှိသူများ သိရှိ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးစေလိုကြောင်း ဖောင်တော်ဦးဘုရား နမ့်ဟူး ကျောင်းတိုက်မှ ဆရာတော် ဦး…က ဆိုသည်။

““ဦးဇင်းက လူလည်ကျတာ မျိုး လုံးဝလက်မခံဘူး။ ဂေါပက အဖွဲ့က ဘုရားလာတယ်။ ရုံးထဲ ၀င်ထိုင်ပြီးရင်ပြန်သွားတာလဲ။ ဘုရားရင်ပြင်မှာ ပြီးတော့ ဘာမှ လိုက်လံစစ်ဆေးတာမျိုးလုံးဝမရှိဘူး။ ဒီဂေါပက လက်ထက်မှာ ၁၀ ပေ ပတ်လည်ဆိုင်ခန်းတွေ ကို နှစ်ခန်းခွဲပြီး လူနှစ်ဦးကို ငှားတယ်။ ဒီဂေါပကက ဘယ်လောက် လူလည်ကျသလဲဆိုတော့ ဆယ် ပေခန်းတစ်ခန်းနှစ်ယောက်ပေး တာကို သူတို့က  ၁၀ပေခန်းနှစ် ခန်းကို တစ်ယောာက်တည်းယူတယ်။ စုစုပေါင်း သူတို့(၉) ယောက်ရှိတာ ဆယ်ပေခန်းတွေကို နှစ်ခန်းခွဲပြီး ငှားတဲ့သူတွေ တောင် ဘုရားအတွက်
ဆိုပြီး ဘာ မျှမသွင်းဘူး။ ပြီးတော့ တချို့ ဂေါပကတွေ အဲဒီဆိုင်ခန်းတွေကို (၂၆)သိန်း၊  သိန်း(၅၀)စသဖြင့် ရောင်းစားကြတယ်။ နောက်ကြ တော့ ဘာဖြစ်လာသလဲဆိုတော့ ဘုရားမှာ ဈေးသည်တွေများလာတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆိုင်ခန်းတွေ ဖွင့်လာကြတယ်။ ဒါနဲ့ ပတ်သက်ပြီး
 ဂေါပကကသွား ပြောတော့ နင်တို့တောင် ဘုရားဆိုင်ခန်းတွေ ရောင်းစား
နေတာ။ ငါတို့က ဈေးရောင်းပြီးပြန်မှာဆို ပြီး ဂေါပကလူတွေကို ပြန်အော်။ အဲဒီမှာ ဂေါပကလူတွေလည်း ဘာမျှ မပြောရဲတော့ဘူး။ ဘုရား မှာ
 ဈေးရောင်းရင် ဘုရားဘဏ္ဍာအတွက်လည်း ပြန်ပေးရမယ် လေ။ အခု သူတို့ကိုယ်တိုင် စည်းကမ်းမရှိတော့ ဘယ်သူ့မှ ဘုရားပေါ်မှာ  စည်းကမ်း
ဆိုတာကို မလိုက်နာတော့ဘဲ ဖြစ်ချင်သလို ဖြစ်နေတာ””ဟု နမ့်ဟူးကျောင်း တိုက်မှ ဆရာတော်ဦး…က ပြေကြားခဲ့သည်။

ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့အနေဖြင့်လည်း ဘုရားပေါ်ရှိ ဈေးသည်
များထံမှ ဘုရား အတွက် သတ်မှတ်ဘဏ္ဍာငွေ များလုံးဝကောက်ခံနိုင်ခြင်း
မရှိဘဲ ကောက်ခံခြင်းပြုပါကလည်းယင်းတို့၏ ဘုရားဆိုင်ခန်းများ ရောင်း စားနေမှု၊ ဘုရားပိုင်ဆိုင်ခန်းများ အား လစဉ်ငွေပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေမှု စသည်တို့အား ပြန်လည်ထောက် ပြမည်ကို
စိုးသဖြင့် မည်သို့မျှ ဘုရားအတွက် ငွေကောက်ခံနိုင် ခြင်းမရှိကာ အချို့
ဈေးသည်များဆိုလျှင် နှစ်ရှည်ဘုရားအတွက် ငွေမပေးကြောင်း အဆိုပါ ဦးဇင်း ၏ ပြောပြချက်အရ သိရသည်။

The Hot News
 
အင်းလေးဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့ဝင်(၉)ဦးတို့၏ ဘုရားဆိုင်ခန်းများအား သတ်မှတ် စပေါ်ငွေ သွင်းခြင်းမပြုဘဲ မိမိတို့ ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေခြင်း၊ ဘုရားပိုင်ဆိုင် ခန်းများအား မိမိတို့ သဘောဖြင့် ရောင်းစားခြင်းများပြုလျက်ရှိနေခြင်း၊ ဘုရားနှင့် ပတ်သက်၍ တာဝန်ကင်းစွာနေ လျက်ရှိေ နခြင်းတို့အားပြည်နယ်အဆင့်တာဝန်ရှိသူများသိရှိ၍စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးစေ လိုကြောင်း ဖောင်ေ တာ် ဦးဘုရား နမ့်ဟူး ကျောင်းတိုက်မှ ဆရာတော် ဦး…က ဆိုသည်။
““ဦးဇင်းက လူလည်ကျတာ မျိုး လုံးဝလက်မခံဘူး။ ဂေါပက အဖွဲ့က ဘုရားလာတယ်။ ရုံးထဲ ၀င်ထိုင်ပြီး ရင်ပြန်သွားတာလဲ။ ဘုရားရင်ပြင်မှာ ပြီးတော့ ဘာမှ လိုက်လံစစ်ဆေးတာမျိုးလုံးဝမရှိဘူး။ ဒီဂေါပက လက် ထက် မှာ ၁၀ ပေ ပတ်လည်ဆိုင်ခန်းတွေ ကို နှစ်ခန်းခွဲပြီး လူနှစ်ဦးကို ငှားတယ်။ ဒီဂေါပကက ဘယ်ေ လာက် လူလည်ကျသလဲဆိုတော့ ဆယ် ပေခန်းတစ်ခန်းနှစ်ယောက်ပေး တာကို သူတို့က ၁၀ပေခန်းနှစ် ခန်းကို တစ်ယောာက်တည်းယူတယ်။ စုစုပေါင်း သူတို့(၉) ယောက်ရှိတာ ဆယ်ပေခန်းတွေကို နှစ်ခန်းခွဲပြီး ငှားတဲ့ သူတွေ တောင် ဘုရားအတွက် ဆိုပြီး ဘာ မျှမသွင်းဘူး။ ပြီးတော့ တချို့ ဂေါပကတွေ အဲဒီဆိုင် ခန်းတွေ ကို (၂၆)သိန်း၊ သိန်း(၅၀)စသဖြင့် ရောင်းစားကြတယ်။ နောက်ကြ တော့ ဘာဖြစ်လာ သလဲ ဆိုတော့ ဘုရားမှာ ဈေးသည်တွေများလာတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆိုင်ခန်းတွေ ဖွင့်လာကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဂေါပကကသွား ပြောတော့ နင်တို့တောင် ဘုရားဆိုင်ခန်းတွေ ရောင်းစား နေတာ။ ငါတို့ က ဈေးရောင်းပြီးပြန်မှာဆို ပြီး ဂေါပကလူတွေကို ပြန်အော်။ အဲဒီမှာ ဂေါပကလူတွေလည်း ဘာမျှ မပြောရဲတော့ဘူး။ ဘုရား မှာ ဈေးရောင်းရင် ဘုရားဘဏ္ဍာအတွက်လည်း ပြန်ပေးရမယ် လေ။ အခု သူတို့ ကိုယ်တိုင် စည်းကမ်းမရှိတော့ ဘယ်သူ့မှ ဘုရားပေါ်မှာ စည်းကမ်း ဆိုတာကို မလိုက်နာတော့ ဘဲ ဖြစ်ချင် သလို ဖြစ်နေတာ””ဟု နမ့်ဟူးကျောင်း တိုက်မှ ဆရာတော်ဦး…က ပြေကြားခဲ့သည်။

ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့အနေဖြင့်လည်း ဘုရားပေါ်ရှိ ဈေးသည် များထံမှ ဘုရား အတွက် သတ်မှတ် ဘဏ္ဍာငွေ များလုံးဝကောက်ခံနိုင်ခြင်း မရှိဘဲ ကောက်ခံခြင်းပြုပါကလည်းယင်းတို့၏ ဘုရားဆိုင် ခန်းများ ရောင်း စားနေမှု၊ ဘုရားပိုင်ဆိုင်ခန်းများ အား လစဉ်ငွေပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေမှု စသည်တို့အား ပြန်လည်ထောက် ပြမည်ကို စိုးသဖြင့် မည်သို့မျှ ဘုရားအ တွက် ငွေကောက် ခံနိုင် ခြင်းမရှိကာ အချို့ ဈေးသည်များဆိုလျှင် နှစ်ရှည်ဘုရားအတွက် ငွေမပေးကြောင်း အဆိုပါ ဦးဇင်း ၏ ပြောပြချက်အရ သိရသည်။

ref:The Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here