26.12.2012
ဒီဇင်ဘာလ(၂၅)ရက်
မနက်(၁၁)နာရီအချိန်မှ ညနေ(၄)နာရီအထိ ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်
အမြောက်တပ် စခန်းမှ ၁၀၅ မမ ဟော်ဝင်ဇာအမြောက်ဖြင့် လဂျားယန်ဘက်သို့
(၂၁)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၂၆)ရက် မနက် ဝေလီဝေလင်းချိန်မှစတင်ကာ ခန်းကိုင်တောင် အမြောက်တပ်စခန်း၊ ဘွမ်ဆောမ် တပ်စခန်း၊ မန်တဲ(Man Sai)တပ်စခန်းတို့မှ ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် KIA တပ်မဟာ(၅)နှင့် လဂျားယန်ဘက်သို့ ယခုအချိန်အထိ အကြိမ်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်နေသည်။
မြန်မာ့တပ်မတော်၏ စစ်ပွဲခေါ်သံသည် ကချင်ဒေသ၌သာမက အခြားတိုင်းရင်းသား ဒေသများတွင်လည်း စစ်မီး တောက်လောင်နိုင်စရာ ဖြစ်လာပြီဖြစ်ကြောင်း သိရှိရသည်။
ပန်ဝါဒေသ တိုက်ပွဲခေါ်သံ
ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီးရှိ KIA
တပ်စခန်းတည်ရာ သံချောင်းကုန်းသို့ ဒီဇင်ဘာလ(၂၅)ရက်နေ့ တွင်
မြန်မာအစိုးရစစ်တပ် ခလရ(၇၇) (၁၃) (၁၀) တပ်ဖွဲ့များက လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့မှစတင်၍ ပန်ဝါဒေသရှိ KIA တပ်စခန်းများကို မြန်မာအစိုးရတပ်ဖွဲ့က ထပ်မံ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲဖေါ်ဆောင်ရန် စီမံနေကြောင်း သိရှိရသည်။ ထိုသို့ စီမံချက်လုပ်ဆောင်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ကလည်း ၎င်း၏ပြည်သူ့စစ်အဖွဲ့ဝင်များကို ပူးပေါင်းပါဝင် စေရန် စိတ်အားထက်သန်စွာ လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသည်။