Wednesday, December 26, 2012
ကချင်စစ်ဘေးဒုက္ခသည်အတွက် SNLD ကျပ်သိန်း ၁၅၀ ကျော် သွားရောက်လှူဒါန်း
Categories :
ဒီဇင်ဘာလ ၂၆
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဆေးနှင့်
ငွေသား စုပေါင်းတန်ဖိုး ကျပ်သိန်း ၁၅၀ ကျော် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
“ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့မှာဘဲ ကျနော်တို့ SNLD က ဝိုင်းမော် အမှတ် ၄ ရပ်ကွက် သရက်တောကျောင်း တိုက်မှာ ဒုက္ခသည် ၄၆၈ ယောက်အတွက် ငွေသားနဲ့ ဆေးဝါးပစ္စည်းတွေသွားလှူခဲ့ပါတယ်။ ဝိုင်းမော် ခတ်ချို
ကျေးရွာအုပ်စုက စစ်ဘေးရှောင် ဒုက္ခသည် တွေပေါ့။ နောက်ပြီး ဝိုင်းမော် အမှတ် ၄ ရက်ကွက် က လီစူးနှစ်
ခြင်း ဘုရားကျောင်းမှာ အိမ်ထောင်စု ၆၇ ခုရှိ လီစူးတိုင်းရင်းသား စစ်ဘေးရှောင်တွေအတွက်ပေါ့။ လှူဒါန်းခဲ့ တယ်” - ဟု ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
ယနေ့ညနေပိုင်းတွင်လည်း မြစ်ကြီးနားဝန်းသိုကျောင်းတိုက် ဒုက္ခသည်စခန်း၌ သွားရောက်လှူဒါန်းမည်ဟု ဆိုပါသည်။
“ဒေသခံတွေစီစဉ်ပေးတဲ့အတိုင်းဘဲ ကျနော်တို့ထောက်ပံ့လှူဒါန်းပေးခဲ့တာကတော့ သျှမ်း၊ ကချင်၊ လီးစူး၊ ဗမာ အစရှိတဲ့တိုင်းရင်းသားပေါင်းစုံပါဘဲ။ ခွဲခြားခြင်းမရှိဘဲနဲ့ လှူဒါန်းပေးတာပါ” - ဟု စိုင်းလိတ်က ပြောပါ သည်။
ထို့အတူ ယမန်နေ့ကလည်း ဗန်းမော်မြို့ရှိ မံစီ နှင့် မိုးမောက်မြို့နယ်တို့မှ ဒုက္ခသည်များအတွက် လှူဒါန်းခဲ့သည်
မှာ ငွေသားတန်ဖိုး ကျပ်သိန်း ၁၂၀ အပြင် ဆေးဝါးပစ္စည်းတန်ဖိုး ကျပ်သိန်း ၄၀ ရှိသည်ဟု ဆိုပါသည်။
“ကလေးတော်တော်များများက ကျောင်းစာမသင်ရဘဲနဲ့ ကျောင်းမတက်ရဘဲနဲ့ ဒုက္ခသည်စခန်းမှာဘဲ ဖြစ်သ
လိုနေရ၊ ကျန်းမာရေးစောင့်ရှောက်မှုကလဲ အပြည့်အစုံမရှိ။ ကလေးတွေရဲ့အနာဂတ်အတွက် အင်မတန်ကိုမှ
ရင်လေးရပါတယ်။ ကလေးတွေအနာဂတ်မကောင်းရင် နိုင်ငံ့အနာဂတ်ဟာလဲဘဲ ဘယ်လိုမှ ကောင်းလာ
မှာမဟုတ်ဘူး။ နိုင်ငံရဲ့အနာဂတ်ကို ထိခိုက်လာနိုင်စရာရှိတယ်။ ဒါ ကြောင့်မို့လို့ ကျနော်တို့က စစ်ဆိုတဲ့ကိစ္စ တိုက်ပွဲဆိုတဲ့ ကိစ္စကို အမြန်ချုပ်ငြိမ်းပြီးတော့မှ ငြိမ်းချမ်းရေးအမှန်ရရှိဖို့ တတ်နိုင်တဲ့အနေအ ထားထက်ကို ပိုမိုပြီးတော့ကြိုးစားဖို့လိုတယ်” ဟုဆိုပါသည်။
ခွန်ထွန်းဦးခေါင်းဆောင်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLDသည်သျှမ်းပြည်နယ်အတွင်း
လူမျိုးစုအားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆိုင်ရာညီလာခံအဆင့်၊ ထိုမှတဆင့် ပြည်ထောင်စု တဝှမ်းလုံးရှိတိုင်း
ရင်းသားများအားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပရန် ကြိုးစားနေ ဆဲဖြစ်သည်။
သျှမ်းသံတော်ဆင့်
Subscribe to:
Post Comments (Atom)