ဒီဇင်ဘာ(၂၈)

အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိလာသူ မင်းသမီးချော မိုးယုစံ အနေနဲ့ အနုပညာအလုပ်ကိုလုပ် ကိုင်ရင်း တစ်ဖက်ကလည်း ပညာရေး အတွက် ကြိုးစားနေပါတယ်။ မြန်မာ
စာ
မေဂျာ ယူထားတဲ့ မိုးယုစံက အခုဆိုရင် စာမေးပွဲပြီးဆုံး သွားခဲ့ပြီဖြစ်ပါတယ်။
အနုပညာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ဆောင်ရွက်သလို ပညာရေး
ဘက်မှာလည်း မလစ်ဟင်းစေရအောင် ကြိုးစားခဲ့တာကြောင့် စာမေးပွဲကို အခက် အခဲ
မရှိဘဲအောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။
စာမေးပွဲပြီးသွားတဲ့ အတွက်ကြောင့် ဇာတ်ကားတွေကို ပြန်လည် ရိုက်ကူး နေပြီဖြစ်တဲ့ မိုးယုစံကို အနုပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက် စာမေးပွဲ ခန်းထဲရောက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်လို့ပဲ ခံစားမိလား ဒါမှမဟုတ် သာမန်ကျောင်း သူလိုပဲ ခံစားမိ လားလို့ မေးကြည့်တော့ “ကိုယ်က အနုပညာရှင်ဆိုတော့ ဘာပဲလုပ်လုပ် အများကစိတ်ဝင်စား တာခံရတယ်။ အားလုံး ကလည်း ဝိုင်းပြီး ချီးကျူးစကား၊ အားပေးစကား ပြောတာခံ ရတယ်။ တချို့ကလည်း ကိုယ်ထင် တာ လျှောက်ပြောတဲ့လူ လည်း ရှိတာပေါ့နော်။
မိုးယုက စာမေးပွဲသွား ဖြေတာ သာမန်ပြည်သူ ထဲက သာမန် ကျောင်းသူ တစ်ယောက်အနေနဲ့ပဲ သွားဖြေ တာပါ။ စာကို အကောင်းဆုံး ကျက်ထားပြီး အကောင်းဆုံးဖြေခဲ့ တယ်” လို့သူ့ရဲ့ စာမေးပွဲဖြေတဲ့ အတွေ့အကြုံကို ပြောပြ ပါတယ်။ စာမေးပွဲ ခန်းထဲ ရောက်တဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်း ကြုံတွေ့ ရလေ့ရှိတဲ့ စိတ်လှုပ်ရှားတာမျိုး၊ ကျက်ထားတဲ့စာတွေကို မေ့သွားတာမျိုးတွေ ရှိခဲ့သေး လားလို့ မိုးယုစံကိုမေးတော့ “တက္ကသိုလ်ဝင်တန်း လောက်ကတော့ ရင်မခုန်ဘူး။ စိတ်လည်း တအားမလှုပ်ရှားဘူး။
တက္ကသိုလ်ကျတော့ ကိုယ် ကျက်နိုင်သလို ကျက်နေရင် ဖြေနိုင်တာများတယ်။ မိုးယုစံကစာကျက် အားရှိခဲ့ တော့ သိပ်ပြီး စိတ်မလှုပ်ရှားဘူး။ ကိုယ်ကျက် ထားတဲ့ စာတွေ အားလုံးကို ကောင်းကောင်းမွန် မွန် ဖြေနိုင်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါ တယ်။
မိုးယုစံ အနေနဲ့ကော ဇာတ်ညွှန်း၊ ဒိုင်ယာလော့ခ် တစ်ပုဒ် ကျက်ရတာနဲ့ စာမေးပွဲဖြေဖို့ ကျက်မှတ်ရတာ ဘယ်ဟာက ပိုပြီးခက်လဲလို့ မေး တော့ “ဇာတ်ညွှန်း တို့၊ ဒိုင်ယာလော့ခ် တို့ကျ တော့ ကျက်စရာမလိုဘဲ မှတ်မိတယ်။ အပြင် ကပုံစံအတိုင်း ပြောဆိုရတယ်။ အိုက်တင်လည်း ပါတယ်ဆိုတဲ့ အခါ ကျတော့ မိုးယုအတွက် ပိုပြီး ခက်မယ်ထင်တယ်။ ကျောင်းစာကျတော့ ကျက်နိုင်ရင် ကျက်နိုင် သလောက်ကို ဖြေနိုင်တယ်လေ”လို့ ပြောပြခဲ့ပါတယ်။
Popular Journal