Sunday, December 9, 2012

နဂါးနှစ်ကောင်ဆရာတော်မှ ဆောက်လုပ်လှူဒါန်းထားသော ခုတင်(၂၀၀)ဆံ့ ဓမ္မသီရိဆေးရုံကြီး

0 comments
ဒီဇင်ဘာ(၉)

ဓမ္မသီရိ ဆေးရုံကြီးအား နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. ကျေးဇူးတော်ရှင် နဂါးနှစ်ကောင်ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ တန်ဘိုးငွေ ကျပ်သိန်းပေါင်း(၄)သောင်း အကုန်အကျခံကာ ဆောက်လုပ်၍ နိုင်ငံတော်သို့ လှူဒါန်းထားသော ဆေးရုံကြီး တစ်ခုဖြစ်ပါတယ်။













နဂါးနှစ်ကောင်ဆရာတော်မှ ဆောက်လုပ်လှူဒါန်းထားသော ဆေးရုံကြီးကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၉)ရက် နံနက်(၁၀း၃၀)နာရီမှာ နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခြင်းနှင့်ဆေးရုံဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်အရာရှိ အကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ဆေးရုံကြီးသည် ခုတင်(၂၀၀)ဆံ့သော ဆေးရုံကြီးဖြစ်ပြီး ဆေးရုံကြီး၏ ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၄)သောင်းဖြစ်ကြောင်း သိရှိရပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here