Wednesday, December 26, 2012
ဆောင်းရာသီတွင် လေဖြတ်ခြင်း ကင်းစေရန်
Categories :
ဒီဇင်ဘာလ ၂၆
ဆောင်းရာသီမှာ အသက်ကြီး သူတွေ လေဖြတ်နိုင်ခြေများပါတယ်။အထူးသဖြင့် သွေးတိုး ရောဂါရှိပြီး
သွေးဖိ အားကို ကောင်းကောင်း ထိန်းချုပ်မှု မရှိရင်၊ သွေးတွင် မကောင်းတဲ့ အဆီတွေ များနေရင်၊ ဆေးလိပ်
သောက်သုံးမှု များလွန်းရင်..စတဲ့ အကြောင်းတွေ ကြောင့် လေဖြတ်နိုင်ခြေ များပါတယ်။ လေဖြတ်မှုကင်း
အောင် ကောင်းတဲ့ကိုလက်စထရောမြင့်မားနေဖို့လိုပြီးမကောင်းတဲ့ကိုလက်စထရော လျော့ကျစေဖို့ကျန်းမာ
ရေး နဲ့ ညီညွတ်တဲ့ အစား အသောက် စားပြီး လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးဖို့ လိုပါတယ်။
အစားအသောက်
အစား အသောက်ဟာ လေဖြတ်နိုင် ခြေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။အထူးသဖြင့်သွေးတွင်းကို
လက်စထရော အဆင့်မြင့် တက်စေမယ့် အစားအသောက်ဆိုရင် လေဖြတ်နိုင်ခြေများသလိုနှလုံးသွေးကြော
ဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုလက် စထရောအဆင့် လျော့ကျစေဖို့ အမျှင်ဓာတ်
များတဲ့ အစာ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် အများအပြား
စတာတွေကို စားပေးပါ။ ပြုပြင်ထားတဲ့ အစာ၊ အဆီများတဲ့ အစာ၊ ပြည့်ဝဆီများတဲ့ အစာနဲ့ ဆိုဒီယမ်(ဆား) ပါဝင်မှုများတဲ့ အစာတွေကို ရှောင်ရှားတာက လေ ဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။
လေ့ကျင့်ခန်း
တစ်နေ့မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်တာကသင့်ခန္ဓာကိုယ်ကို ကောင်းကျိုးအများကြီးရရှိစေပါတယ်။ လေ့ကျင့်
ခန်း လုပ်တာကြောင့် နှလုံးခုန်နှုန်းမြင့်တက်လာကာ ကိုယ်တွင်းမှအဆိပ်တွေကို ဖယ်ရှား ပေးနိုင်သလို နှလုံး၊
သွေးကြောနဲ့ ဦးနှောက်ကိုလည်း သန်စွမ်းစေပါတယ်။ ဒါပေမဲ့ တစ်ကြိမ်မှလေ့ကျင့်ခန်းမလုပ်ဖူးရင် လေ့ကျင့်
ခန်းအစီအစဉ်ကို မစတင်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်။
သွေးဖိအား
သွေးတိုးတာက လေဖြတ်နိုင်တဲ့ အဓိက အန္တရာယ်ပါ။ ဒါကြောင့်သွေးဖိအားကို ပုံမှန်အတိုင်း အတာအတွင်း
ရှိနေအောင် ထိန်းထားပေးဖို့ လိုပါတယ်။ ဆိုဒီယမ်(ဆား)ကို လျှော့စားတာ၊ ပုံမှန် လေ့ကျင့်ခန်း လုပ်ပေး
တာ ကြောင့် သွေးတိုးကို သိသိသာသာ လျော့ကျစေပါတယ်။ ဒါ့အပြင် သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နဲ့ ပိုတက်စီယမ်များတဲ့ အစာ တို့ကို စားပေးရင် သွေးတိုးကျစေပါတယ်။
ဆေးလိပ်မသောက်သင့်ပါ
ဆေးလိပ် သောက်တာကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ အများစုအနက် ဆေးလိပ် သောက်တာက အဆိုးဆုံး အချက် တစ်ချက်ပါ။ စီးကရက် မီးခိုးထဲက အဆိပ်တွေဟာ သွေးကြောတွေကိုကျဉ်းစေပြီးမာကျော
စေကာ သွေးခဲပိတ်ဆို့နိုင် ခြေများတာကြောင့် လေဖြတ်နိုင်ပါတယ်။
အရက်ကို ထိန်းချုပ်ပြီး သောက်ပါ
အရက်မှာ လေဖြတ် နိုင်ခြေများတဲ့ဆိုးကျိုးရှိသလို လေဖြတ်နိုင်ခြေ လျော့ကျစေတဲ့ အကျိုးလည်း ရှိပါတယ်။ အဓိက သော့ချက်ကတော့ အသင့်အတင့်သောက်ဖို့ပဲ ဖြစ်ပါတယ်။ အရက်ကို တစ်နေ့ပမာဏ အနည်းငယ်ပဲ
သောက်ပေးရင် ကောင်းတဲ့ ကိုလက်စထရောကို တိုး စေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေ
ပါတယ်။ အရက်ကို အလွန်အမင်းသောက်ရင်တော့ နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။
နာတာရှည်ကျန်းမာရေး အခြေအနေများကို ထိန်းချုပ်ပါ
သင်က သွေးတွင်း ကိုလက်စထရောအဆင့် မြင့်တက်နေရင်၊ သွေးတိုးနေရင်၊ အဝလွန်နေရင်နဲ့ဆီးချိုသွေးချို
ရောဂါရှိနေရင် ဒီအခြေအနေတွေကို ထိန်းချုပ်ထား နိုင်လေလေ၊ လေဖြတ်မှု မဖြစ်အောင် ရှောင်လွှဲနိုင်လေ
လေ ဖြစ်ပါတယ်။
Royal Hero Media
Subscribe to:
Post Comments (Atom)