ဒီဇင်ဘာလ ၂၆
KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ အင်အားထောင်ချီရှိသည့် အစိုးရ စစ်ကြောင်းများ ဖြန့်ခွဲချဉ်းကပ်နေရာ မကြာမီအချိန်အတွင်း နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ကြောင်းABSDF ကျောင်းသားတပ်မှူး
တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အစိုးရလက်နက်ကြီးတပ်မြစ်ကြီးနား၊ ဗန်းမော်နှင့် ဆင်ဘိုဘက်လမ်းကြောင်း ၃ခုမှ နေ၍ အစိုးရတပ်များ လိုင်ဇာအနီးသို့ချဉ်းကပ်လာ
ခြင်း ဖြစ်ပြီးယမန်နေ့က အစိုးရတပ်အင်အား၈၀၀ ကျော်ခန့်လိုင်ဇာနှင့်၁၀မိုင်ခန့်သာ ကွာဝေးသည့်မန်သဲနှင့်
မန်ဆိုင်းရွာများသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
“ဗန်းမော်ဘက်ကလာတဲ့ စစ်ကြောင်းကလိုင်ဇာနားကိုကပ်နေပြီအင်အား၈၀၀ ကျော်လောက်ရှိတယ်။
မနေ့ညကတော့ လက်နက်ကြီး တွေနဲ့ပစ်တယ်။ သူတို့ရာဇသံပေးထားတာ ဒီနေ့နောက်ဆုံးဆိုတော့ ဒီညပိုင်း
တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။” ဟု သူက ဆိုသည်။
ယခုလ ၂၃ ရက်နေ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်မှ အစိုးရတပ်များ ၀င်ရောက်မည့် လမ်းကြောင်း ပေါ်ရှိ KIA တပ်စခန်းများအားယခုလ၂၅ရက်နေ့ နောက်ဆုံးထားရုပ်သိမ်းရန်KIOထံသတိပေး
စာ ပေးပို့ခဲ့ရာ ယင်းစာ နှင့်ပတ်သက်၍ KIO မှ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်းထံ ကန့်
ကွက်စာ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။
“လိုင်ဇာကိုထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာပေါ့၊ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတက်လာတာ၊ ရှဒန်ပါမှာသံချပ်ကာ
ယာဉ်တွေ ရ ဟတ်ယာဉ်တွေပါတယ်” ဟု သူက ဆက်ပြောသည်။
လိုင်ဇာမြို့သို့ ချီတက်လာသည့် အစိုးရစစ်ကြောင်းများနှင့် KIA တပ်ဖွဲ့တို့ အကြား မြစ်ကြီးနား - လိုင်ဇာကား
လမ်းပေါ်ရှိကန်တောင်ယန်ရွာအနီးတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းလည်း ရှေ့တန်း
ရောက် KIA တပ်မှူးတစ် ဦးက ပြောသည်။
“မြစ်ကြီးနားဘက်က လာတဲ့စစ်ကြောင်းက ကန်တောင်ယန်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ အရင်တပ်ရင်း ၄ ရင်း မနေ့က ၃၈၈ တပ်ရင်း တစ်ရင်း ထပ်တိုးတယ် မနေ့မနက် ၉ နာရီ မိနစ် ၂၀ မှာ လေယာဉ်တွေနဲ့
လာပစ်တယ် ၁၀၅ ဟော်ဝစ်ဇာ တွေ ၁၂၀မမ တွေနဲ့လည်း တစ်နေကုန်ပစ်တယ်” ဟု သူက ဆိုသည် ။
ယမန်နေ့က အစိုးရ လေကြောင်းတိုက်ခိုက်မှုအတွင်း မြစ်ကြီးနားမြို့သို့ လျှပ်စစ်မီးပေးနေသည့် KIO ၏ မလိရေအား လျှပ် စစ်စက်ရုံ ပျက်စီးမှုအချို့ရှိခဲ့ပြီး လျှပ်စစ်မီးပေးမှု ရပ်ဆိုင်းထားရကြောင်း သိရသည်။
ယခုလ ၁၄ ရက်နေ့က KIO ဋ္ဌာနချုပ်လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် လဂျားယန်ရွာတွင် KIA နှင့် ABSDF ပူးပေါင်းတပ်များနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပြင်ထန်စွာဖြစ်ပွားခဲ့ရကြောင်း စစ်ဘက်
သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
“ပွင့်လင်းရာသီရောက်ရင် ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိမှာမဟုတ်ဘူး” ဟု - အမေရိကန်နိုင်ငံ ဝေါရှင်တန်မြို့သို့
ရောက်ရှိစဉ် ပြည်ထောင်စုငြိမ်း ချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်ဟု စက်တင်္ဘာ ၂၁ ရက်နေ့ ဗီအိုအေ သတင်းဌာန က ထုတ်ပြန်ဖူးပါသည်။
သျှမ်းသံတော်ဆင့်