Wednesday, December 19, 2012

နဂါးနှစ်ကောင်ဆရာတော်ဘုရားမှ ကျောင်းနေရွယ် ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား အနွေးထည် အထည်(၅၀၀)ပေးဝေလှူဒါန်း

0 comments
ဒီဇင်ဘာ(၁၉)

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၈း၃၀)နာရီက နဂါးနှစ်ကောင်ကျောင်းတိုက်အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည် အနွေးထည် အထည်(၅၀၀)ကို ဆန်ဆိုင်း(အထက်) ရပ်ကွက် တွင်းရှိ ကျောင်းနေရွယ် ကလေးသူငယ်များနှင့် ရပ်ကွက်သူ/သားများအား ပေးဝေလှူဒါန်း ခဲ့ကြောင်း သိရှိရပါတယ်။

ဆရာတော်ဘုရားသည် ဆန်ဆိုင်း(အထက်)ရပ်ကွက်အတွင်းရှိ ကျောင်းနေရွယ် ကလေးသူငယ် များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ထိုင်းဘတ်ငွေ (၅၀၀၀၀)ဘတ်ခန့် တန်ဘိုး ရှိသော ဆောင်းရာသီဝတ် အနွေးထည် အထည်(၅၀၀)ကို
ဆရာတော်ဘုရား ကိုယ်တိုင် ကိုယ် ကျ ပေးဝေလှူခဲ့တာဖြစ်ပါတယ်။

ထိုကဲ့သို့ လှူဒါန်းရမှာ ဆန်ဆိုင်း(အထက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ဆရာတော်နှင့်အတူ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်မှာပင် ကျောင်းနေရွယ်ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ခေါ်ယူ၍ပေးဝေလှူခြင်းဖြစ်ပါတယ်။

ယခုအလှူနှင့်ပတ်သက်၍ ဆရာတော်ဘုရားသည် ဒီဇင်ဘာ(၇/၈)ရက်နေ့တွင် ပြုလုပ်ခဲ့ ပြီးသော သက်တော်(၈၄)နှစ်ပြည့် မွေးနေ့တုန်းက ကျောင်းနေရွယ် ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ယခုကဲ့သို့ ပေးဝေလှူဒါန်းမှုမျိုး မပြုလုပ်ခဲ့ ရသေး သည်ဖြစ်တာကြောင့် ယခု(ဒီဇင်ဘာ[19]ရက်နေ့မှာ)ပြုလုပ်တာဖြစ်ကြောင်း သိရှိရပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here