ဒီဇင်ဘာ(၂၄)
၂၀၁၂ ခုနှစ်၏ ပွင့်လင်းရာသီကာလများအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းသို့
နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ ယခင်နှစ်ထက် ပိုမို
ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပွင့်လင်းရာသီ အစဖြစ်သော သီတင်းကျွတ်လဆန်း (အောက်တိုဘာလ) တွင်
ကျင်းပသည့်အင်းလေးဖောင်တော်ဦးဘုရားပွဲတော်မှ အစပြု၍ နိုင်ငံခြားသား
ဧည့်သည်များ အဆက်မပြတ် လာရောက်ခဲ့ခြင်းဖြစ်ပြီး၊တန်ဆောင်မုန်းလ
ဆန်း(နိုဝင်ဘာလ)တွင် ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ
ပွဲတော်ရက်များအတွင်း နိုင်ငံခြားသား ဧည့်သည်လာရောက်ခဲ့ကာ၊ယခုဒီဇင်
ဘာလအတွင်းလည်း အဆက်မပြတ် လာရောက်နေဆဲဖြစ်ကြောင်း ဧည့်လမ်း
ညွှန်များထံမှ သိရသည်။
နိုင်ငံခြားသား ဧည့်သည်အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး၊ ကက္ကူ၊ပင်းတယ၊ ကလောမြို့များသို့ လာရောက်လည်ပတ်လေ့လာကြခြင်းဖြစ်ပြီး အချို့မှာ လိုင်းကားများဖြင့် လည်းကောင်း၊ အချို့မှာ ခရီးသွားအေဂျင်စီကားများဖြင့် လည်းကောင်း၊ အချို့မှာ ဟိုတယ်၊ မိုတယ်၊ အင်းများမှ စီစဉ်ပေးသည့် ကားများဖြင့် လာရောက်ကြခြင်းဖြစ်ပြီး အဓိကလာရောက်မှုမှာ လေကြောင်းခရီးဖြင့်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း၏ အဓိကအားထားရာဖြစ်သော ဟဲဟိုးလေဆိပ် အ၀င်စာရင်းအရ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံခြားသားဧည့်သည် ၆၀၉၉ ဦး လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် ၉၇၅၉ ဦး လာရောက်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ၉၉၁၃ ဦးလာရောက်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၆၀၂၄ ဦးထိ လာရောက်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ၈၉၄၆ ဦး ၀င်ရောက်ခဲ့ပြီး၊ ယခု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း အဆက်မပြတ် လာရောက်နေဆဲဖြစ်ကြောင်း ဟိုတယ်ခရီးသွား တာဝန်ရှိသူများထံမှ သိရသည်။
eleven
ညောင်ရွှေ၊ အင်းလေးသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအား တွေ့
ရစဉ်
Eleven Media Grou