ဒီဇင်ဘာ(၁၈)
လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကစပြီး မြန်မာနိုင်ငံတ၀ှမ်းမှာ လူ့အခွင့်အရေး
လုပ်ငန်းတွေ ဆောင်ရွက်လာခဲ့တဲ့ HRDP လူ့အခွင့်အရေး ကာ
ကွယ်မြှင့်တင်သူများကွန်ယက်ကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ
တရားဝင် မှတ်ပုံတင်ပြီး နိုင်ငံတကာအဆင့်မီ NGO တစ်ခု အဖြစ်
ဖွဲ့စည်းတည်ထောင်သွားမယ်လို့ ရှမ်းပြည်နယ် မှာ ရောက်ရှိနေတဲ့ HRDP အဖွဲ့ရဲ့
အကြီးအကဲ ရှေ့နေဦးမြင့်အေးက RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့
ပြောကြားပါတယ်။
HRDP
ကွန်ရက်အနေနဲ့ မကြာခင်မှာ ညီလာခံတစ်ရပ်ခေါ်ယူပြီး ဒါရိုက်တာအဖွဲ့နဲ့
ဖွဲ့စည်းပုံစည်းမျဉ်းတွေရေး ဆွဲပြီး တရားဝင်မှတ်ပုံတင် သွားမှာဖြစ်တယ်လို့
ဦးမြင့်အေးက ပြောပါတယ်။
အခုလောလောဆယ်မှာတော့ ရှေ့နေဦးမြင့်အေး
ဦးဆောင်တဲ့ HRDP ကွန်ရက်အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းက
မြို့နယ်တချို့နဲ့ ကယားပြည်နယ်မှာ လူ့အခွင့်အရေးဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ သွားရောက်ပြုလုပ်နေပါတယ်။
HRDP
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်ကို ၂၀၀၀ ပြည့်နှစ်မှာ
စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး၊ ပြည်နယ်နှင့်တိုင်း(၉) ခုက၊ မြို့ပေါင်း ၁၂၅
မြို့ကထောင်နဲ့ချီတဲ့ ကွန်ရက်အဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး လုပ်ငန်းတွေမှာ
ပါဝင်လှုပ်ရှားဆောင်ရွက် နေကြ တယ်လို့လည်း သိရပါတယ်။
RFA
Tuesday, December 18, 2012
Subscribe to:
Post Comments (Atom)
