Wednesday, November 21, 2012

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာပိုင်သိမ်းပိုက်

0 comments
နိုဝင်ဘာ(၂၁)

တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံရသော ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ်သူတယောက်ဟု နာမည်ရနေသူ ထိုင်းအမျိုးသားတဦး၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြပါသည်။

Noat houseပူနွတ်၏အိမ်အား အာဏာပိုင်များဝင်ရောက်စစ်ဆေး (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)

“ အိမ်နီးချင်းနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခုလို ရှောင်တခင်ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် ” ဟု ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံးစဖတ် ဖုံးဂျရွန်းက ပြောသည်။

စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ၇၀၀ ကျော်သုံး၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်း၏ သတင်းများ၌ ဖော်ပြထားသည်။

အလားတူ  ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း တားဆီးစစ်ဆေးဂိတ်နေရာ ၄၀ ခန့် ချကာ  အထူး စစ်ဆေးခဲ့ ကြောင်း ချင်းရိုင်းဒေသခံများကပြောသည်။

ယမန်နေ့က ထိုင်းရဲများရှောင်တခင်စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့်ပတ်သက်ဆက်နွယ်သည့်သူများထံမှ ယာဘ အပြား ပေါင်း ၁ သန်းကျော်နှင့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်သန်း ၅၀၀ ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။


Noat ownသိမ်းဆည်းရမိသော ပူနွတ်ခေါ်  ဂျမ်းရတ် ဖာ့ဂျရိန်း ၏ ပိုင်ဆိုင်မှု (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)
 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အားလည်း ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများ  တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။ 

ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူးလည်းဖြစ်ခဲ့ပြီး ငယ်စဉ်ထိုင်းနာမည်မှာ ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ်၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။

အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ်အရေး အခင်း အတွင်း ထိုင်းနိုင်ငံမှတိမ်းရှောင်ခဲ့ဖူးသည်။ သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး ( တချို့က မိုင်းယန်းသူ ဟုဆိုကြ၏) နှင့်အိမ်ထောင်ပြုခဲ့သည်။  ထို့ နောက်ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသား အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့်လည်း ရဲဘက်မှအလိုရှိနေသူဖြစ်သည်။

စိုင်းနော်ခမ်းမှာမူ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က တရားရုံးမှ သေဒဏ်ချမှတ်ပေးပြီးဖြစ် သည်။


သျှမ်းသံတော်ဆင့်
Read more...

စိုင်းအောင်မြတ်အား တရုတ်အစိုးရထံမှ ပြန်ခေါ်ပေးရန် သမ္မတကြီးထံ မိသားစုတောင်းဆို

0 comments
နိုဝင်ဘာ(၂၁)

ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်းအမှုအတွက် မြန်မာနိုင်ငံဘက်မှ သက်သေအဖြစ် တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခြင်းခံရသည့် စိုင်းအောင်မြတ်အား ပြန်ခေါ်ယူပေးရန် မိသားစုဝင်များက မြန်မာသမ္မတ ဦးသိန်းစိန် ထံ စာရေးတင်ပြတောင်းဆိုထားသည်ဟု မိသားစုအသိုင်းအဝိုင်းကပြောပါသည်။

စိုင်းအောင်မြတ်၏ ဇနီးနှင့် သားသမီး
 
“ကျမတို့ သောကြာနေ့က တင်လိုက်တာပါ။ စိုင်းနော်ခမ်းကို သေဒဏ်ပေးလိုက်ပြီဆိုတော့ စိုင်းအောင်မြတ်ကို နေရပ်ပြန်ပို့ပေးသင့်ပြီလေ။ အခုမှာ သူ့မိန်းမကလဲ ကလေးသုံးယောက် နဲ့ အငယ်ဆုံးက လပိုင်းလောက်ပဲ ရှိသေးတာ။ အဲဒါကြောင့် စိုင်းအောင်မြတ်ကို ပြန်ခေါ်ပေးဖို့ နိုင်ငံတော် သမ္မတကြီးဆီ စာတင်လိုက်ရတာ ဖြစ်တယ်” - ဟု မိသားစု အသိုင်းအဝိုင်း တဦးကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ် ၏ ဇနီး နန်းအွန်၊ သား စိုင်းနော်၊ သမီး နန်းလောင်(ဝ်)ဆိုင်၊ လပိုင်းအရွယ် နန်းဇံဟွမ် တို့မှ နိုင်ငံတော် သမ္မတကြီးထံ စာရေးတောင်းဆိုခြင်းဖြစ်သည်။

“နီးစပ်တဲ့ဆွေမျိုးတွေကဘဲ ကျွေးမွေးထားရတာပေါ့။ စိုင်းအောင်မြတ်ရဲ့ မိန်းမ က ကလေးနဲ့ဆိုတော့၊ စိုင်း အောင်မြတ်ကို အစိုးရလာခေါ်သွားတုန်းက သူ့ရဲ့ အငယ်ဆုံးသမီး က ၂ လ ကျော်ဘဲရှိသေးတယ်။ ငြိမ်းချမ်း ချင် လို့ လက်နက်ချတာဘဲ။ အခုကတော့ သူ့ရဲ့မိသားစုတွေက အရမ်းအခက်အခဲဖြစ်နေတယ်” - ဟု ဆွေမျိုး အသိုင်းအဝိုင်းက ပြောပါသည်။

စိုင်းနော်ခမ်းနှင့်အဖွဲ့အား တရားရုံးမှ အမြန် ဆုံးအမှုစီရင်ဆုံးဖြတ်နိုင်ရေးအတွက် ယခုနှစ် ဩဂတ်စ် ၂၈ ရက် နံနက် ၄ နာရီ၌ စိုင်းအောင်မြတ်အား မြန်မာအစိုးရက တရုတ်အစိုးရထံသို့ နိုင်ငံတော်သက်သေအဖြစ် ယာယီ လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာကဆိုပါသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့၌ တရုတ်တရားရုံးက စိုင်းနော်ခမ်းနှင့်အဖွဲ့ဝင် ၄ ဦးကို သေဒဏ်ချမှတ်လိုက်သော် လည်း စိုင်းအောင်မြတ်ကို မြန်မာအစိုးရထံ ပြန်လည်လွှဲအပ်ပေးခြင်းမရှိသေးပေ။

၂၀၁၁ အောက်တိုဘာ ၅ ရက် မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခံရသည့်အမှုတွင် စိုင်းနော်ခမ်း၏ ဒုလက်ထောက်ဖြစ်သည့် စိုင်းအောင်မြတ်က တိုက်ရိုက် ပါဝင် ပတ် သက်သည်ဟု ထိုင်းသတင်းစာများက ရေးသားသည်။

သျှမ်းသံတော်ဆင့်
Read more...

ကျိုင်းတုံမြို့ နှင့် မိထ္တီလာမြို့ရှိ နည်းပညာ တက္ကသိုလ် သို့ ၀င်ခွင့်ရ တာချီလိတ်မြို့မှ ကျောင်းသား/သူများ စာရင်း

0 comments
နိုဝင်ဘာ(၂၁)

နည်းပညာ တက္ကသိုလ်(ကျိုင်းတုံ) နှင့် နည်းပညာ တက္ကသိုလ် (မိထ္တီလာ)  သို့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ၀င်ခွင့်ရ တာချီလိတ်မြို့နေ ကျောင်းသား ကျောင်းများ၏ အမည်စာရင်းများနှင့် ကျောင်းအပ်လက်ခံမည့် နေ့ရက်များကို သိရှိရ၍ ကျောင်းသား/သူများ သိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။


{Photo: Kyaingtong}

နည်းပညာ တက္ကသိုလ်  (ကျိုင်းတုံ)သို့ ၀င်ခွင့်ရ ကျောင်းသား/သူများ
  1. မောင်ဆက်မှူးအိမ် ၊ရဒ 310၊ ပလ ၃/၄၂ တာချီလိတ် 
  2. မောင်ရှန်းနန် ၊ ရဒ 51 ၊ 132 ဟောင်လိတ်အုပ်စု ၊ ပါလျှံ(၁)
  3. မနန်းကောင်ခမ်း ၊ ရဒ 179 ၊၀မ်ကောင်း(၂) ရွာ ၊မိုင်းကိုးအုပ်စု
  4. မောင်ကျော်ဟိန်း ၊ ရဒ 185 ၊ ရန်ရှင်း(၃) ကျေးရွာ ၊ မိုင်းကိုး အုပ်စု
  5. မဖူးပွင့်ဝေ ၊ ရဒ 284 ၊ ၈/၈၃ ၊ မြတ်လေးလမ်း ၊ ယာမြေကုန်း ၊ မကာအိုခမ်း
  6. မောင်ရဲကျော် ၊ ရဒ 214 ၊ A ၂၀ ။ ဆန်ဆိုင်းအိမ်ယာ
  7. မောင်သူရအောင် ၊ ရဒ 309 ၊ ၄/၁၅ ၀မ်ကောင်းရပ်ကွက်
  8. မောင် စိုးမင်းနိုင် ၊ ရဒ 50 ၊ အခန်း 21 ဇမ္ဒူ ကျော် ၊ သဇင်လမ်း ။တာလော့

နည်းပညာ တက္ကသိုလ်  (မိထ္တီလာ)သို့ ၀င်ခွင့်ရ ကျောင်းသား/သူများ
  1. မောင်ကျော်လင်းထက် ၊ မထ 1561 ၊ အမှတ် 188 ဆွယ်တော်လမ်း ၊တာလော့၊ 
  2. မောင်ဟိန်းထက်စိုး ၊ မင 18 ၊ အမှတ် 14/12 ပုန်းထွန်၊
  3. မောင်ထိန်လင်းအောင် ၊ မတဂ 258 ၊ 1/ 78 ၊ မြတ်လေးလမ်း၊ ဆန်ဆိုင်း (ခ)၊
လိုအပ်သော အချက်အလက်များ
  1. ကျောင်းသားမှတ် ပုံတင် မိတ္တူ
  2. မိဘ မှတ်ပုံတင် မိတ္တူ
  3. အိမ်ထောင်စုဇယား မိတ္တူ
  4. (၁၀)တန်းအောင်ကြောင်း ကျောင်းထောက်ခံစာ
  5. ရပ်ကွက်ထောက်ခံစာ
  6. ရဲစခန်းထောက်ခံစာ
  7. ဆေး ထောက်ခံချက်
  8. passport ဓာတ်ပုံ ( ၅) ပုံ
ကျောင်းအပ်လက်ခံမည့်နေ့ရက်မှာ ၂၀၁၂ခုနှစ် နိုဝင်ဘာ(၁၉)ရက်နေ့မှ ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၄)ထိ ဖြစ်ကြောင်း သိရှိရပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
Read more...

ဂါဇာတွင် အစ္စရေးသူလျှိုအဖြစ် စွပ်စွဲခံရသူအား သတ်ဖြတ်၍ ဆိုင်ကယ်ဖြင့်တရွတ်ဆွဲ

0 comments
နိုဝင်ဘာ(၂၁)


ဂါဇာဒေသတွင် အစ္စရေးအတွက် သူလျှိုအဖြစ် လုပ်ဆောင်ပေးကြောင်း စွပ်စွဲခံရပြီးနောက် လူ(၆)ဦး သတ်ဖြတ်ခံရကာ လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် တရွတ်ဆွဲခဲ့သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ 

ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွများနှင့် အစ္စရေးတို့ကြား တိုက်ခိုက်မှု အရှိန်အဟုန် မြင့်တက်လာချိန်တွင် ဂါဇာစီးတီး၌ လူ(၆)ဦးမှာ သူလျှိုများအဖြစ် စွပ်စွဲခံရပြီး ယခုလို ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။ 

မျက်မြင်များက လူအများအပြား ရှေ့မှောက်တွင်ပင် မော်တော်ဆိုင်ကယ်စီး လူရမ်းကား တစ်စုက လူ(၆)ဦးအား ပစ်သတ်ကာ အလောင်းများကို ဆိုင်ကယ်နောက်တွင် ကြိုးချည်ပြီး တရွတ်တိုက် ဆွဲခေါ်သွားခြင်းဟု ပြောကြားခဲ့ကြသည်။

 လတ်တလောတွင် အစ္စရေးသည် ပါလက်စတိုင်း ပြည်သူအချို့အား နေရပ်ကို စွန့်ခွာရန် သတိပေးပြီး မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေပြီ ဖြစ်သည်။


ပါလက်စတိုင်းမှ သေနတ်သမားများသည် ၎င်းတို့ သူလျှိုအဖြစ် စွပ်စွဲထားသူများကို ရုံးတင်စစ်ဆေးမှု လုံးဝမရှိဘဲ အများသူငါ စံပြဖြစ်စေရန်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ 

အနည်းဆုံး ရုပ်အလောင်း တစ်ခုသည် ခြေထောက်တွင် သံကြိုးဖြင့် ချည်နှောင်ပြီး ဂါဇာစီးတီး လမ်းမများတစ်လျှောက် ဆိုင်ကယ်ဖြင့် တရွတ်တိုက် ဆွဲယူပြသခြင်း ခံခဲ့ရသည်။

 ၎င်းတို့က အဆိုပါ အသတ်ခံရသူသည် ပါလက်စတိုင်းကို သစ္စာဖောက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။ ဟားမတ်စ် လုံခြုံရေး တပ်ဖွဲ့များကမူ ယင်းကိစ္စကို အလေးအနက် မှတ်ချက်ပေးမှုမျိုး မပြုခဲ့ဘဲ သေနတ်သမားများသည် ၎င်းတို့၏ လုပ်ရပ်ကို ကြိုတင် မှတ်တမ်းတင်ရန်စီစဉ်ထားခဲ့ဟန် ရှိကြောင်းသာ ပြောဆိုခဲ့သည်။

 ထို့အပြင် အင်္ဂါနေ့ညက အသက်(၄)နှစ်နှင့် (၂)နှစ်အရွယ် ကလေးငယ် နှစ်ဦးသည် အစ္စရေး လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဟားမတ်စ် ကျန်းမာရေးဌာနက စွပ်စွဲခဲ့သည်။ ဟားမတ်စ်တို့က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ပြီး အစ္စရေးလေတပ်က တုံ့ပြန်ခဲ့သော ပဋိပက္ခအတွင်း ပါလက်စတိုင်း (၁၁၀)ကျော်နှင့် အစ္စရေး (၃)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ လတ်တလောတွင် အစ္စရေးသည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ဆွေးနွေးရန်အတွက် မြေပြင်ထိုးစစ် ဆင်နွှဲရေးကို ခေတ္တ ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။

ကိုးဒီသွေး
Read more...

၂၀၀၈ ခုနှစ် မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှု တရားခံအား ကြိုးပေးသုတ်သင်

0 comments
နိုဝင်ဘာ(၂၁)

လူပေါင်း (၁၆၆)ဦးကို သေဆုံးစေခဲ့သည့် နာမည်ကျော် မွမ်ဘိုင်း အကြမ်းဖက်မှုကြီးတွင် နောက်ဆုံးကျန်ရှိသော တရားခံအား အိန္ဒိယ နိုင်ငံက ကြိုးပေး သုတ်သင်လိုက်ပြီ ဖြစ်သည်။ အက်ဂ်ျမဲလ် အေမာကာဆက်ဘ်သည် အိန္ဒိယ၏ စီးပွားရေး အချက်အခြာ မြို့တော်ကြီးတွင် ကွန်မန်ဒိုဆန်ဆန် စီးနင်းတိုက်ခိုက်ခဲ့သည့် သေနတ်သမား (၁၀)ဦးအနက် အသက်ရှင် ကျန်ရစ်သည့် တစ်ဦးတည်းသော တရားခံလည်း ဖြစ်သည်။ 

ကာဆက်ဘ်နှင့် အဖွဲ့သည် ကြယ်ငါးပွင့် ဟိုတယ်နှစ်လုံး၊ မြို့တော်၏ အဓိက ဘူတာရုံ၊ စားသောက်ဆိုင် တစ်ခုနှင့် ဂျူးဘုရားကျောင်း တစ်ခုတို့ကို စီးနင်းပစ်ခတ်ကာ လူအများအား သတ်ဖြတ်ခဲ့သည်။ (၂၀၀၈)ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက ဖြစ်ပွားသော အဆိုပါ ဖြစ်စဉ်သည် (၄)ရက်မျှ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အကြမ်းဖက်သမား အားလုံး သေဆုံးကာ ပါကစ္စတန်သား ကာဆက်ဘ် တစ်ဦးတည်း ဒဏ်ရာများဖြင့် အဖမ်းခံခဲ့ရသည်။


 အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက အကြမ်းဖက်မှု (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ (၅)ရက်အလို နိုဝင်ဘာ (၂၁)ရက်နေ့တွင် ကာဆက်ဘ်အား ကြိုးပေးခဲ့ကြောင်း အတည်ပြုခဲ့သည်။

 "ကြိုးဒဏ် စီရင်ချက်ကို နိုဝင်ဘာလ (၇)ရက်နေ့က ချမှတ်ခဲ့တယ်။ အရေးကြီး ကိစ္စတစ်ခုမို့လို့ ကျွန်တော်တို့ လျှို့ဝှက်ထားခဲ့တာပါ"ဟု ဝန်ကြီး ဆူလ်ရှီကူမာ ရှင်ဒီက ပြောကြားခဲ့သည်။ 

ထို့အပြင်၎င်းက "ပါကစ္စတန်ကိုလည်း အကြောင်းကြားခဲ့ပါတယ်။ တကယ်လို့ သူတို့ဘက်က တောင်းဆိုရင် သူတို့နိုင်ငံသားရဲ့ ရုပ်အလောင်းကို ပြန်ပို့ပေးမှာပါ"ဟု ဆက်လက် ပြောဆိုသွားသည်။

အိန္ဒိယ သမ္မတသည် ကာဆက်ဘ်၏ အသနားခံမှုကို ပယ်ချခဲ့ပြီးနောက် ပြစ်ဒဏ်မှာ အတည်ပြုပြီး ဖြစ်လာခဲ့သည်။ "ကာဆက်ဘ် ကြိုးတန်းလန်းနဲ့ သေနေတာကို ကျွန်မ အကြိမ်ပေါင်းများစွာ မြင်ယောင်ကြည့်ခဲ့ဖူးတယ်။ ခုပြစ်ဒဏ်အတွက် ကျွန်မ သိပ်ဝမ်းသာတယ်။ 


အိန္ဒိယ အစိုးရဟာ ကျွန်မတို့အတွက် တရားမျှတမှုကို ပေးခဲ့ပါပြီ"ဟု အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့သည့် ရဲအရာရှိ တစ်ဦး၏ ဇနီးဖြစ်သော ဂီတာ ဆာလက်စကာက ဖွင့်ဟ ပြောကြားခဲ့သည်။ 

သူမက "ဒါပေမဲ့ ခုဖြစ်စဉ်ဟာ အဆုံးသတ်သွားတာ မဟုတ်သေးဘူး။ ပါကစ္စတန်မှာ ဒီအကြမ်းဖက်မှုကို ကြိုးကိုင်တဲ့သူက ရှင်သန်နေတုန်းပဲ"ဟုလည်း ဆိုသည်။ အစိုးရရှေ့နေ အူဂျဝါနီကမ်က "ကြိုးဒဏ် စီရင်ချက်အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ 

ကျွန်တော်ဟာ အသက်ဝိညာဉ် (၁၆၆)ခုအတွက် တရားမျှတမှုကို ရှာဖွေပေးရတဲ့ နေရာမှာ ရှိခဲ့တာပါ။ လွန်ခဲ့တဲ့ (၄)နှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွက် တရားမျှတမှုကို ရှာဖွေနိုင်ခဲ့ပြီ ထင်ပါတယ်"ဟု သတင်းထောက်များထံ ပြောဆိုသွားခဲ့သည်။

ကိုးဒီသွေး
Read more...

အောင်ပန်းတွင် (၃) တန်းကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံး

0 comments
နိုဝင်ဘာ(၂၁)




ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့နယ် ဇောတိကလေးရွာတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ ညနေပိုင်း တွင် ကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံးသွားကြောင်း သိရပါတယ်။
Read more...

ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သော ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များ မြန်မာတစ်နိုင်ငံလုံးရှိ ဈေးကွက်များသို့ ဆိုးရွားစွာပျံ့နှံ့နေကြောင်း စစ်ဆေးတွေ့ရှိ ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ ကို ဥပဒေအရ အရေးယူ

0 comments
နိုဝင်ဘာ(၂၁)


မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရောင်းချနေသည့် ဈေးကွက်များ အတွင်း၌ ကင်ဆာဖြစ်နိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသော ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်ကဲ့သို့ အမှုန့်မျိုးစုံမှာ ဆိုးရွားစွာ ပျံ့နှံ့လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသော ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအားကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေး ခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA မှ ထုတ်ပြန်ထားသည်။
 ယင်းသို့ စစ်ဆေးရာတွင် ငရုတ်သီးမှုန့်နမူနာ ၅၃၄ ခုတွင် ၁၇၅ ခု၌ စားသုံးသူအား ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါ ငရုတ်သီးမှုန့်များကို ထုတ်လုပ်ခဲ့သည့် အမှတ်တံဆိပ် ၂၀ အား အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူထားကြောင်း သိရသည်။
ယင်းအပြင် နနွင်းမှုန့်နမူနာ ၄၃၀ ကို စစ်ဆေးရာတွင် ၃၉ ခု၌ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းနနွင်းမှုန့်များ ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုကိုလည်း အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူထားကြောင်း သိရပါသည်။
အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရဆိုပါက ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ကျပ် ၃၀၀၀၀ သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။
ငရုတ်သီးမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုတို့မှ ထုတ်လုပ်ထားသည့် အမှုန့်များမှာ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိမထားဘဲ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအမည်လိပ်စာများ ဖော်ပြထားခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
ထို့အတွက် အဆိုပါအမှတ်တံဆိပ်များမှ ထုတ်လုပ်သည့် အမှုန့်များမှာ စားသုံးရန်မသင့်ကြောင်းကိုလည်း သတိပေးထားသည်။
ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်များတွင် သုံးစွဲထားသည့် စားသုံးရန်မသင့်သော ဆိုးဆေးများမှာ အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုသည့် Auramine-O နှင့် Rhodamine B အမျိုးအစားများဖြစ်ကြောင်း သိရသည်။
Rhodamine B အမျိုးအစားမှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းနှင့် ရေရှည်စားသုံးပါက ကင်ဆာရောဂါများ ဖြစ်စေနိုင်သည့် အနီရောင်ဆိုးဆေး ဖြစ်ကြောင်း၊ Auramine-O မှာ ရေရှည်တွင် အသည်းနှင့်ကျောက်ကပ်ရောဂါ ဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ရှိ ဈေးကွက်များအတွင်း စစ်ဆေးရာတွင် တွေ့ရှိခြင်းဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးနီးပါးသို့ ပျံ့နှံ့နေသည်ဟု ဆိုရမည်ဟု ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက ပြောကြားခဲ့ပါသည်။
“ဒီစာရင်းအရဆိုရင်တော့ တစ်နိုင်ငံလုံးနီးပါးမှာ ပျံ့သလိုပါပဲ။ ဒါထိထိရောက်ရောက် အရေးမယူလို့ ဆက်လုပ်နေကြတာ။ သိတယ်၊ စစ်တယ်၊ မိတယ်။ အရေးယူတာကျ မထိရောက်ဘူး၊ ပင်ရင်းထုတ်တဲ့အထိ အရေးမယူဘူး။ ဆက်လုပ်တာပေါ့။ ဒါကြောင့် အခုလောက်ထိ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတာ။ ဒါတောင် မိတဲ့ဟာပဲရှိသေးတယ် တကယ့်နာမည်ကြီး တံဆိပ်တွေမှာလည်း ဒီလိုရှိနိုင်တယ်။ အထပ်ထပ်စစ်ပြီး နာမည်ကြီးတာ မကြီးတာမခွဲနဲ့ တစ်ခါတည်း အရေးယူပစ်ရမယ်။ အခုက နေ့တိုင်းအများပြည်သူက အဆိပ်တွေကို ပါးစပ်ထဲထည့်နေရတယ်။ ကြာရင် နိုင်ငံမှာ ကျန်းမာရေးအတွက် အခက်အခဲတောင် ရှိလာနိုင်တယ်။ နှစ်ကြာလာတာနဲ့အမျှ ဒီဒဏ်တွေကို အများပြည်သူ ခံစားရတော့မှာလေ” ဟု မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိထားသည့် အမှတ်တံဆိပ်များ
ဝင်းမိုးငရုတ်သီးမှုန့်
မော်လမြိုင်ငရုတ်သီးမှုန့်
ရွှေမင်းဝန်ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
အိအိချိုငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
စံပယ်ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
နှင်းပုလဲငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ဘုရင်ငရုတ်သီးမှုန့်
ညိုညိုငရုတ်သီးမှုန့်(အနုမှုန့်)
အောင်ကြည်သိန်းငရုတ်သီးမှုန့်
နိုင်းငရုတ်သီးမှုန့်(အနုမှုန့်)
ရွှေမြင့်မိုရ်ငရုတ်သီးမှုန့်(အနုမှုန့်)
ဓူဝံငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ဖိုးဝငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ရွှေဝတီငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ညွှန့်သဘာဝငရုတ်သီးမှုန့်(အလှော်မှုန့်)
ရဲသီဟငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
သွယ်သွယ်အေးငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
မြန်မာရနံ့ငရုတ်သီးမှုန့်(အကြမ်းမှုန့်)
စွဲကြိုက်ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
မွှေးမွှေးလေးနနွင်းမှုန့်
ရွှေမိနနွင်းမှုန့်
ဖိုးဝနနွင်းမှုန့်


Eleven
Read more...

မြန်မာနိုင်ငံဧရိယာ၏ ၅၄ ရာခိုင်နှုန်းကျော်တွင် သတ္တုကြော၊ သတ္တုသိုက်များခိုအောင်းနေ၊ သတ္တု အမျိုးအစား ၄၀ ခန့်ထွက်ရှိပြီး ကမ္ဘာ့ပေါ်ပင်ဈေးကွက်ဝင် အမျိုးပေါင်း ၂၀ အထိပါဝင်ကြောင်း ထုတ်ပြန်

0 comments
နိုဝင်ဘာ(၂၁)


မြန်မာနိုင်ငံဧရိယာ၏ ၅၄ ရာခိုင်နှုန်းဝန်းကျင်တွင် သတ္တုကြော၊ သတ္တုသိုက်များ ခိုအောင်းလျက် ရှိကြောင်း အမျိုးသားအဆင့် သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ၁၇၆ မြို့နယ်၌ သတ္တုကြော၊ သတ္တုသိုက်နှင့် သတ္တုဖြစ်တည်စွဲဝင်မှုများ ရှိနေကြောင်းနှင့် သတ္တုအမျိုးအစားပေါင်း ၄၀ ခန့်ထွက်ရှိပြီး အမျိုး ၂၀ မှာ ကမ္ဘာပေါ်တွင် ဈေးကွက်ဝင် သတ္တုများဖြစ်ကြောင်း အမျိုးသားလွှတ်တော် သတ္တုနှင့်သယံ ဇာတရေးရာ ကော်မတီ၏ ဥက္ကဋ္ဌ ဦးနေ၀င်းထွန်းက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
သတ္တုဖြစ်တည်စွဲဝင်မှုမှာ တစ်ဆက်တစ်စပ်တည်းမဟုတ်သည့်တိုင် မြေအောက် ပေ ၁၀၀၀ ခန့်အထိ ဖြစ်တည်တတ်ကြောင်း၊ နိုင်ငံ တော်အနေဖြင့် ပိုမိုထိရောက်စွာ လေ့လာသုတေ သနပြုပြီး သတ္တုသိုက်ပမာဏများပြား၍ ရာခိုင်နှုန်းအများအပြား စမ်းသပ်တွေ့ရှိပါက သတ္တုရတနာမြေသတ်မှတ် စီမံခန့်ခွဲလျင် အကျိုးပိုမိုဖြစ်ထွန်းမည်ဟုလည်း သုံးသပ်ခဲ့ပါသည်။
လက်ရှိတွင် ကျောက်မျက် ရတနာမြေကဲ့သို့ သတ္တုရတနာမြေ သတ်မှတ်ထားခြင်း မရှိသည့် အတွက်  သတ္တုလုပ်ကွက် လျောက်ထားရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာန၏ စီမံကိန်းများနှင့် လွတ်ကင်းမှုရှိ၊ မရှိ၊ သစ်တော ဧရိယာအတွင်းကျရောက်မှုရှိ၊ မရှိ၊ ရေအား လျပ်စစ်စီမံကိန်းများနှင့် ငြိစွန်းခြင်းရှိ၊ မရှိစိစစ်ပြီးမှ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ကန့်ကွက် ရန် မရှိကြောင်း ထောက်ခံစာရယူလုပ်ကိုင်ရသည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ပေါ်ပင်ဈေးကွက်ဝင် သတ္တုအမျိုးပေါင်း ၂၀ ခန့်ထွက်သည် ဟု ဆိုသော်လည်း သတ္တုစင်အဖြစ် ထုတ်လုပ်တင်ပို့နိုင်မှု အားနည်းကြောင်း၊ သတ္တုစင်အဖြစ်တင် ပို့ နိုင်သည်အထိ စနစ်တကျ ထုတ်လုပ်တင်ပို့ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုမရှိစေ ရန် စည်းကမ်းစနစ်များထားရှိ လုပ်ဆောင်သင့်ကြောင်းနှင့် သတ္တုထုတ်လုပ်မှုအတွက်လုပ်ကိုင်ခွင့် ချထားပေးမှုကိုလည်း ပြင်ဆင်ပေးသင့်ကြောင်း ဦးနေ၀င်းထွန်းက တင်ပြဆွေးနွေးခဲ့သည်။
သတ္တုတူးဖော်ရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက ''သတ္တုရတနာမြေ မသတ်မှတ်နိုင်သေးတဲ့ အတွက် အခုသတ္တုစီမံကိန်းတွေမှာ တောင်သူတွေနဲ့ ပြဿနာဖြစ်နေတာရှိတယ်။  ဥပမာ သတ္တု ရတနာမြေသတ်မှတ်ပြီး လုပ်ကွက်ချထားတဲ့အခါ  စီမံကိန်း တကယ်ပေးသင့်တဲ့နေရာဆို ရင်တောင်  တောင်သူတွေဘ၀မထိခိုက်အောင် ဘယ်လိုပေးလျော် လုပ်ကိုင်ရမယ်ဆိုတာမျိုး ကအစ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဒေသခံတွေကို ကာကွယ်ပေးပြီး လုပ်ကိုင်ရင်ဒေသခံတွေလည်း မထိခိုက်ဘူး၊ ထုတ်လုပ်တဲ့ စီမံကိန်းလည်း ပိုဖြစ်ထွန်းမယ်။ သတ္တုကို တစ်ဝက်တစ်ပျက်ပဲ သန့်စင်ပြီးပို့နေတာကလည်း မဖြစ်သင့်တော့ဘူး''ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံတွင်သတ္တုကြော၊ သတ္တုသိုက်တည်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် အရေအတွက်
ဒေသမြို့နယ်ပေါင်းသတ္တုကြောရှိမြို့နယ်
ကချင်၁၈၁၅
ကယား
ကရင်
ချင်း
စစ်ကိုင်း၃၈၂၆
တနင်္သာရီ၁၀၁၀
မွန်၁၀
ရခိုင်၁၇
ရှမ်း၅၄၃၉
ပဲခူး၂၈၁၁
မကွေး၂၅၁၈
မန္တလေး၃၀၁၆
ရန်ကုန်၄၅
ဧရာဝတီ၂၆

Eleven Media Group
Read more...

SSA(၀မ်ဟိုင်း) အဖွဲ့၏ ကထိန်သင်္ကန်းကပ်နှင့် ရှင်ပြုမင်္ဂလာအခမ်းနား

0 comments
နိုဝင်ဘာ(၂၁)







အလှူအတန်းရက်ရောသည့် ရှမ်းတိုင်းရင်းသားတို့၏ အလှူတစ်ခု(ဓာတ်ပုံ-အင်တာနက်)

မိုင်းရှူးမြို့နယ်၊ ၀မ်ဆော့ကျေးရွာတွင် SSA (၀မ်ဟိုင်း)အဖွဲ့ လက်အောက်ခံ တပ်ရင်းများ မှ နိုဝင်ဘာ လ(၁၉)ရက် နေ့မှ (၂၁)ရက်နေ့အထိ ကထိန်သင်္ကန်းကပ်လှူခြင်းနှင့် ရှင်ပြုမင်္ဂလာအခမ်းအနား ကျင်း ပခြင်း တို့ကို ပြုလုပ်ခဲ့ ကြောင်း သိရပါသည်။
Read more...

တာချီလိတ်မြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ၂၁၀၇နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမည်

0 comments
နိုဝင်ဘာ(၂၁)

ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ကူညီပံ့ပိုးမှု များ ကို နိုဝင်ဘာ(၂၀)ရက်နေ့က ပုန်းထွန်ရပ်ကွက်ရှိ မြစိမ်းကန်စားသောက်ဆိုင်အတွင်းမှာ မိတ်ဆုံစားပွဲ ပြုလုပ်ကာ စေတနာရှင် အလှူရှင်များမှ ထိုင်းဘတ်ငွေ တစ်သိန်းခွဲကျော် နှင့် ဘိလပ်မြေအိတ်(၃၅၀) အပါအ၀င် ကျပ်ငွေ(၅)သိန်း တို့အား လက်ခံရရှိကြောင်း သိရှိရပါတယ်။

{image from: siamtai.com}

အလှူငွေ ကျပ်စာရင်း
၁) ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်  - ကျပ်(၅)သိန်း

ဘိလပ်မြေစာရင်း
၁) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း - ဘိလပ်မြေ(၁၀၀)အိတ်
၂) ဦးစိုင်းဥာဏ်လင်း(ဝမ်ကောင်း) - ဘိလပ်မြေ (၁၀၀)အိတ်
၃) ဦးစိုင်းဆမ်တစ် - ဘိလပ်မြေ(၁၀၀)အိတ်
၎) ဦးစိုင်းလုံဟောင် ( ဆန်ဆိုင်း[ခ] အုပ်ချူပ်ရေးမှူး ) ဘိလပ်မြေ - ( ၅၀ )အိတ်

အလှူငွေထိုင်းဘတ်စာရင်း
၁) ဦးစိုင်းနွဲ့ ( ပုန်းထွန် ) - (ငါးသောင်းဘတ်)
၂) ဒေါ်နန်းနွက် ( မကာဟိုခမ်း ) - (တစ်သောင်းဘတ်)
၃) ဦးအားပြာ ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၎) ဦးဖြာအေး ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၅) ဦးစိုင်းမြ ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၆) ဦးစိုင်းထွန်း  ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၇) ဦးစိုင်းဝန်း  ( ဆန်ဆိုင်း[ခ] )  - (တစ်သောင်းဘတ်)
၈) ဦးစိုင်းလုံတစ် ( တာလော့ ) - (ငါးထောင်ဘတ်)
၉) ဦးစိုင်းမီဇီ ( မကာဟိုခမ်း )  - (ငါးထောင်ဘတ်)
၁၀) အာခါတိုင်းရင်းသား နာယက ဦးအားဇီး ( လွယ်တော်ခမ်း) - (ငါးထောင်ဘတ်)
၁၁) ဦးစိုင်းမောင် ( ၀ိန်းကျောက် ) - (ခုနှစ်ထောင်ဘတ်)
၁၂) ဦးစိုင်းထွန်းစိန်+ဒေါ်နန်းမီးငယ် - (ခြောက်ထောင်ဘတ်)
၁၃) ဦးစိုင်းဆမ်တွီ ( ဆန်ဆိုင်း[ခ] )  - (သုံးထောင်ဘတ်)
၁၄) ဦးစိုင်းရှဲန်လာ - (သုံးထောင်ဘတ်)
၁၅) ဦးစိုင်းယီ ( ဆန်ဆိုင်း[ခ] )  - (နှစ်ထောင့်ငါးရာဘတ်)
၁၆) ဦးအုန်းကျော် - ( နှစ်ထောင်ဘတ် )
၁၇) ဦးစိုင်းယီ ( မကာဟိုခမ်း )  - (ငါးထောင်ဘတ်)
စုစုပေါင်းထိုင်းဘတ်ငွေ (၁၅၃၅၀၀-ဘတ်)တစ်သိန်းငါးသောင်းသုံးထောင့်ငါးရာဘတ်နှင့် မြန်မာ ကျပ်ငွေ (၅)သိန်းအပြင် ဘိလပ်မြေ (၃၅၀)အိတ်တို့ ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် မြေကွက်မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here