
ရပါသည်။
တာချီလိတ်ခရိုင်အတွင်း ရွှေဖြူတူးဖော်နေသည့် မြင်ကွင်းတစ်ခု (Photo:LWO)
“ရွှေဖြူလာတူးတော့သဘာဝပတ်ဝန်းကျင်တွေပျက်စီးတယ်။လယ်ယာမြေတွေလည်းပျက်စီးတယ်။ဒါကြောင့်ရွာသူ
ရွာသား လယ်သမားတွေ စုပေါင်းပြီး ရေမြေတောတောင်စောင့်နတ်ကို ရည်စူးပြီး အလှူ အဒါန်း ပြုလုပ်ရတာပါ။
ဖြစ်နိုင်ရင်တော့ ဒေသခံလူထုအတွက် အကျိုးမရှိတဲ့ ဒီစီမံကိန်းကြီးရပ်နားသွားစေချင်တယ်လေ”ဟုကျိန်းလပ်ဒေ
သခံတစ်ဦးက ပြောပါသည်။
အဆိုပါ အလှူဒါနပွဲကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိန်းလပ်မြို့နယ်ခွဲ ဝမ့်တုံကျေးရွာ ဘုန်းကြီးကျောင်း
၌ ယနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေသ
တွင်း အာဏာပိုင်များနှင့် ဒေသခံလူထု ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု ဆို၏။
“နံနက် ၉ နာရီခွဲလောက်မှာ ကျနော်တို့ သီလဆောက်တည်တယ်။ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်
တရားတော် ရွတ်ဖတ်ပေးတယ်။ နောက် ရေမြေတောတောင်စောင့်နတ်တွေ သတ္တဝါတွေကို ရည်စူးပြီး ရေစက်ချ အမျှပေးဝေခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောပါသည်။
နံနက် ၁၁ နာရီ သံဃာတော် ၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် ပါတီအသီးသီး မှ ပုဂ္ဂိုလ်
များ၊ ဒေသတွင်း အာဏာပိုင်များထံ လူထုဆန္ဒ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခဲ့ကြောင်း၊ ရွှေဖြူ
တူးဖော်မှုကြောင့် နောင်ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်၊ ဆိုးကျိုးများ အကြောင်းလည်း ဖလှယ်ခဲ့ကြကြောင်း သိရှိ
ရပါသည်။
ဝမ့်တုံကျေးရွာဘက်၌ ‘ရွှေထူးစံ’ ကုမ္ပဏီက နမ့်ခင်းမ်ချောင်းအတွင်း ရွှေဖြူလာရောက်တူးဖော်လျက်ရှိ ကြောင်း ဆိုပါတယ်။
“ရွှေဖြူလာတူးတာ ဘယ်သူမှ အကောင်းမမြင်ဘူး။ သျှမ်းရွာအပြင် ပလောင်ရွာက ဒေသခံတွေလည်း အကောင်း
မမြင်ဘူး။ ရေတွေလည်းနှောက် လယ်တွေလည်းပျောက် ကျနော်တို့အတွက် ဘာကောင်း ကျိုးမှ မရှိဘူး” ဟု ဝမ့်တုံလယ်သမားတစ်ဦးကလည်း ပြောပါသည်။
လားဟူအမျိုးသမီးအဖွဲ့(LWO) ကလည်း တာချီလိတ်ခရိုင် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုနှင့် ပတ်သက်၍ ၂၀၁၂ မေလအတွင်း အစီရင်ခံစာ ထုတ်ပြန်ရာ တောတောင်များ ပျက်စီးကာ ဒေသခံများ သစ်ဥမြစ်ဥ ရှာဖွေရောင်းချနိုင်ခြင်း မရှိသည့်အတွက် ဝမ်းစာအတွက် အကြပ်အတည်း ကြုံတွေ့နေရကြောင်း၊ ရေထုညစ်ညမ်း
သဖြင့် သောက်သုံးရေအတွက်လည်း အခက်အခဲကြုံတွေ့နေရ ကြောင်း ဆိုပါသည်။