မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူး
ဒုရဲမှူးကြီး ကျော်ဇေယျ၏ညွှန်ကြားချက်ဖြင့်(ဒ/န)ခေါင်းဆောင်
ဒုရဲအုပ်ညီညီမင်းနှင့် အဖွဲ့သည် မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ
နဘူးအိုင်ဆီမီးခုံကားလမ်းဘေးရှိကောင်းထက်သာဆိုင်ကယ်ဆေး
မှုတ်လုပ်ငန်းမှ
စန်းဝင်း(ခ)စန်းဝင်းအောင်(ခ)မှုတ်ကြီးအား သတင်းအရ စစ်ဆေးရာမှ
မန္တလေးမြို့ပေါ်မှဆိုင်ကယ်များခိုးပြီး
ဆီမီးခုံတစ်ဝိုက်ရောင်းချပေါင်နှံထားကြောင်း စစ်ဆေးတွေ့ရှိကာ
ဆိုင်ကယ်(၁၆)စီးကို ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်းသိရသည်။
ယင်းသို့ကောင်းထက်သာဆိုင်ကယ်ဆေးမှုတ်ဆိုင်၌ ဒီဇင်ဘာ(၈)ရက်
ည(၇း၃၀)က၀င်ရောက်စစ်ဆေးရာ NEWANBOအမျိုးအစား125(ရုပ်ဆိုး)အနက်ေ၇ာင်ဆိုင်ကယ်တွေ့ရှိရာမှ
ပိုင်ဆိုင်မှုအထောက်အထားတစ်စုံ
တစ်ရာမပြနိုင်၍ ခိုးယူသည်ဟု မသင်္ကာပြီး
အရေးယူခဲ့သည်ဆို၏။ စန်းဝင်းအားအမှုတွင် ဆက်စပ်ထပ်မံစစ်ဆေးရာ ၂၀၀၇
ခုနှစ်အတွင်းက ဆိုင်ကယ်ခိုးမှုကျူးလွန်ခဲ့သူ သင်းလှိုင်(သေဆုံး)၏
ခိုးရာပါဆိုင်ကယ်(၉)စီး ထုခွဲရောင်းချပေးရာတွင် ပါဝင်မှုဖြင့်
မန္တလေးမဟာအောင်မြေတရားရုံးတွင်(၂)နှစ် ၊ ချမ်းအေးသာစံရုံတွင်(၁)နှစ်ခွဲ ၊
ပေါင်း(၃)နှစ် (၆)လကျခံပြီးမန္တလေးအိုးဘိုအကျဉ်းထောင်၌
(၁)နှစ်(၂)လနေထိုင်ပြီး
ထုံးဘိုရဲဘက်စခန်းသို့ပို့ဆောင်ခံခဲ့ရကာ(၂)လခွဲနေပြီး
၂၀၀၉ခုနှစ်(၂)လပိုင်းတွင် ရဲဘက်စခန်းမှထွက်ပြေးခဲ့သောရဲဘက်ပြေးတစ်ဦးဖြစ်သည်ဆို၏။စန်းဝင်းသည်ရဲဘက်ပြေးအဖြစ်နှင့်နေပြည်
တော်တိုက်ချောင်းရပ်ကွက်မြင်းခြံနယ်ကျောက်တိုင်ရွာ၌ကောင်းထက်သာဆိုင်ကယ်ဆေး မှုတ်အကြောင်းပြ
ကာမန္တလေးမြို့ပေါ်မှ
နေရာအသီးသီးမှဆိုင်ကယ်(၁၆)စီးကိုခိုးယူပေါင်နှံရောင်းချထားသည်ဆို၏။မြင်းခြံခရိုင်
(ဒ/န)အဖွဲ့က
ခိုးရာပါဆိုင်ကယ်(၁၆)စီးကို လိုက်လံသိမ်းဆည်းပြီး မန္တလေးတွင်
အမှုဖွင့်အရေးယူပြီးပူးပေါင်းပါဝင်သူအောင်အောင်(၃၀)နှစ်၊ဖိုးသား(၂၉)နှစ်တို့ ဖမ်းဆီးရမိရေးဆောင်ရွက်
နေကြောင်းသိရသည်။
hot news