Thursday, January 17, 2013

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍မြို့မဈေးအတွင်းမီးဘေးအန္တရာယ် နှင့် ရေမြောင်းများအား ဆယ်ယူခြင်းများပြုလုပ်

0 comments


၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၆)ရက် နေ့လည်(၁)နာရီက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး မီးသတ်အဖွဲ့ဝင်တို့သည် မြို့မဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် မီးသတိပေးလက်တွေ့ပြခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။




တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များသည် ၀မ်ကောင်းဈေး(မြို့မဈေး)အတွင်း ရေမြောင်းများအား ရေစီးရေလာ
 ကောင်းမွန်စေရန်အတွက် မြောင်းအတွင်း အမှိုက်သရိုက်များ ဆယ်ယူခြင်း နှင့် ဈေးဘေးရှိ နမ့်ယွန်းချောင်းငယ် အတွင်းရှိ အပင်ငယ်လေးများ နှင့် အမှိုက်များစသည်တို့ကို ဆယ်ယူရှင်းလင်းစေခဲ့ကြပါတယ်။


ဆက်လက်ပြီး နွေရာသီအတွက် မီးသတိပေးအနေဖြင့် ဈေးသူ/သားများအား စည်ပင်သာယာရေးအဖွဲ့အပါအ၀င် မီးသတ်တပ်ဖွဲ့မှ ဒု-ဦးစီးမှူး ကျော်ကျော်ကို နှင့် မီးသတ်တပ်ဖွဲ့တို့သည် မီးဘေးအန္တရယ်ဖြစ်ပေါ်လာသည့်အခါ မီးသတ်ဗူးမည်သို့ အသုံးပြုရမည်ကို ရှင်းလင်းပြသပြီး လက်တွေ့ မီးသတ်ပြခြင်းနှင့် မီးသတ်ကားဖြင့် ရေပက်ဖြန်းခြင်းများကို ရှင်းလင်းပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့အဖွဲ့သည် ဈေးအတွင်းရှိ ရေငုတ်တိုင်များကို
ရေလာမလာ စစ်ဆေးခြင်းများအပြင် လျပ်စစ်မီတာများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပါတယ်။

ဈေးဝယ်သူတစ်ချို့မှ ပြောနေကြသော ငါးရောင်းသူများမှာ ဈေး၏ဘေးရှိ(နမ့်ယွန်းချောင်း)ချောင်းငယ်မှ ရေများကို ခပ်၍ ငါးများကို ဆေးကြောကာ ပြန်လည်ရောင်းချနေသည့်ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့မှ ကြက်သားသည် ငါးသည်များအတွက် ရေရရှိရန် ရေပိုက်များသွယ်ပေးပြီး  ရေမီတာများဖြင့် တပ်ဆင်ကာ အသုံးပြုသွားရန်အတွက် ဇန်န၀ါရီ(၁၇)ရက်နေ့မှာ သား/ငါးသည်များနှင့်တွေ့ဆုံ၍ ပြုလုပ်သွားမှာဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ဝင်တစ်ဦးမှာ ကြားသွားပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here