Friday, January 4, 2013

တာချီလိတ်မြို့တွင် ပျော်ရွှင်စရာ အားကစားပြိုင်ပွဲကျင်းပ

0 comments
ဇန်န၀ါရီလ  ၎

၂၀၁၃ခုနှစ် ဇန်န၀ါရီ(၄)ရက်နေ့မှာ ကျရောက်တဲ့ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်
 ပျော်ရွှင်စရာ အားကစားပြိုင်ပွဲများကို တာချီလိတ်မြို့ရှိ မြို့မအားကစားကွင်းမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။





အားကစားပြိုင်ပွဲကိုကျင်းပရာမှာကလေးသူငယ်များမုန့်စားအပြေးပြိုင်ခြင်း၊အငယ်တန်း၊အလတ်တန်း၊အကြီး
တန်းအပြေးပြိုင်ခြင်း၊အငယ်တန်းအကြီးတန်း ခေါင်းအုံးရိုက်ပြိုင်ခြင်း နှင့် မြန်မာ့ရိုးရာ ချောတိုင်တက်ပြိုင်ပွဲ
တို့ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 
 
အဆိုပါပြိုင်ပွဲသို့ တာချီလိတ်ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးအပါအ၀င် ဌာနဆိုင်ရာများ လာရောက်ကြတာကို
 တွေ့ရှိရပြီး အလတ်တန်း နှင့် အကြီးတန်း အပြေးပြိုင်သူများမှ ဆုရရှိသူများအား ၎င်းတို့မှ ဆုများပေးအပ်ကြ
ပါတယ်။

 

 ပြိုင်ပွဲများ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သော ချောတိုင်တက်ပြိုင်ပွဲသည်အချိန်ကြာမြင့်စွာ ယှဉ်ပြိုင်တက်ကြရ
သောကစားနည်းတစ်ခုဖြစ်စေခဲ့ပြီး လာရောက်ကြည့်ရှု့အားပေးကြသော ပရိသတ်များမှလည်းတစ်ခဲနက်
အားပေးကြတာကို တွေ့ခဲ့ရပါတယ်။


ပုံများကိုကြည့်ရန်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here