Thursday, January 3, 2013

KNU ထိပ်တန်းခေါင်းဆောင်တို့ကို ဦးသိန်းစိန် ခေါ်တွေ့

0 comments
ဇန်န၀ါရီလ  ၃

သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ထားသဖြင့်  ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိပ်တန်းခေါင်းဆောင် များ  နေပြည်တော်သို့ ယနေ့ သွားရောက်ဖွယ်ရှိသည်။

 KNU ကြီး ၅ ကြီး (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
ကိုယ်စားလှယ်အဖွဲ့တွင်KNUဥက္ကဋ္ဌသစ် စောမူတူးစေးဖိုး၊အထွေထွေအတွင်းရေးမှူးပဒိုကွယ်ထူးဝင်း၊တွဲဘက်
အတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ ပါဝင်မည် ဟု သိရသည်။

နှစ်ဘက်ငြိမ်းချမ်းရေးအတွက်သွားရောက်ဆွေးနွေးခြင်းမဟုတ်ကြောင်း၊မကြာသေးမီက ပြုလုပ်ခဲ့သည့်KNU

 ညီလာခံတွင် ရွေးချယ်ခံရသော ထိပ်တန်းခေါင်းဆောင် ၅ ဦးကို သမတက အလွတ်သဘော တွေ့ဆုံလို၍ ဖိတ်ခေါ်ခြင်းကြောင့် သွားရောက် ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူတဦးကပြောသည်။

နေပြည်တော်တွင် ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း

ကော်မတီနှင့်လည်း တွေ့ဆုံ မည်ဖြစ်သည်။

အသစ်ရွေးကောက်ခံရသည့်ဥက္ကဌစောမူတူးစေးဖိုးနှင့်ခေါင်းဆောင်များအတွက်ဝမ်းမြောက်ဂုဏ်ယူကြောင်း 

သမတရုံးဝန်ကြီးတယောက်ဖြစ်သည့်ဦးအောင်မင်းကပြီးခဲ့သည့်ရက်ပိုင်းအတွင်းကသ၀ဏ်လွှာတစောင် ပေးပို့
ခဲ့သေးသည်။

ခရီးစဉ်နှင့်ပတ်သက်၍ KNU ဘက်က တရားဝင် တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပေ။ သို့သော်လည်း သမတနှင့်တွေ့ဆုံသည့်နေ့တွင် KNU ဘက်မှ ကြေညာချက်တစောင် ထုတ်ပြန်မည်ဟု ဆိုသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRkGP0W7D1RCGo_b-ZJFnHGaehLTfgSmO0Ewy5A3dKOl_K97Z3JxbvnJXiV8E9Aj2WAdpmnFwJ0QnzGnc9nix-5jHnczuyJjxciIjO__cQqS7_jhogRM96Vf5o2slkFurFfbZG7oIKlI/s1600/000+2+%25284%25296.jpg
ဦးသိန်းစိန် နှင့် KNU ၂၀၁၂ ဧပြီလ တွေ့ဆုံမှု (ဓာတ်ပုံ - Getty Images)
ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဧပြီလကလည်း KNU ထိပ်သီးများ ပါဝင်သော KNU ငြိမ်းချမ်းရေးကိုယ်စား
လှယ်အဖွဲ့တို့ကို နေပြည်တော်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သေးသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQBo-DfJLASRJnAdJbM1M7USeBp2IwE5T0x4Dms4y6d9LQJzI2TfZmGVjK2AwJD4aCJwGrtQvp2leujiO65ADR4Xd-6byQ_Uutr3SHczst9ZfV4lg4b5NVzyc-1V-eKtzyfpUSaK7wuvs/s1600/000+2+%25284%2529.jpg
ဦးသိန်းစိန် နှင့် KNU ၂၀၁၂ ဧပြီလ တွေ့ဆုံမှု (ဓာတ်ပုံ - Getty Images)
ထိုသို့ တွေ့ဆုံစဉ်က  အမှတ်တတရဓာတ်ပုံ ရိုက်ကူးကြရာတွင် သမတ ဦးသိန်းစိန်က ကရင်တိုင်းရင်းသား ၀တ်စုံကို ၀တ်ဆင်ထားခဲ့သည်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here