Tuesday, February 5, 2013

ကလေးကစားကွင်းအတွင်း ဂိမ်းဆိုင် အကြောင်းပြ လောင်းကစား ပြုလုပ်မှုအား ရဲမှ ဖမ်းဆီးခဲ့သည့် အကြောင်း လွှတ်တော်တွင်း မေးမြန်းဖြေကြားချက်

0 comments
ဖေဖော်ဝါရီ(၅)


သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်းကိုယ်စား ဦးစိုင်းသိန်းအောင် မေးမြန်းခြင်း

သီပေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စမ်းမာလာဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော ကေ လး ကစား ကွင်းအတွင်းသို့ လာရောက်ဖမ်းဆီးသောရဲတပ်ဖွဲ့မှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ပေးေ စ လွှတ် လိုက် သူများဖြစ်ကြောင်း သိရှိရပါကြောင်း၊ အထက်ပါ ဖြစ်ပွားသွားသည်မှာ လုပ်ထုံးလုပ်နည်း အရ မဖြစ် သင့်ကြောင်း၊ အကြောင်းမှာ အဆိုပါအားကစားကွင်းကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ လိုင်စင် ချထားပေးပြီး တရားဝင်ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်သဖြင့် ပြည်သူလူထု၏စိတ်တွင် ထိုအားကစားကွင်းသို့ သွားရောက် ကစားခြင်းမှာ မည်သည့်ဥပဒေချိုးဖောက်မှုမျှမဟုတ်ဟုယူဆကြပါ ကြောင်း၊ အကယ်၍ အဆိုပါ အားကစားကွင်းမှာ တည်ဆဲဥပဒေကို ချိုးဖောက်သည့်ပြစ်မှုကျုးလွန်နေ ကြောင်းတွေ့ရှိရလျှင် အ ထက် မှဖွင့်ခွင့်မပေးဘဲ ပိတ်ခိုင်းခြင်းကို အရင်လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ညွှန်ကြားခြင်းကို မလိုက်နာ ပါမှ သာ လိုအပ်သလိုအရေးယူသင့်ပါကြောင်း၊ ယခုကဲ့သို့ အလစ်တွင် ဝင်ရောက်ဖမ်းဆီးခြင်းကြောင့် အစိုးရ ဌာနတစ်ခု အပေါ်တွင်လည်းကောင်း၊ တရားဥပဒေအပေါ်တွင်လည်းကောင်း ပြည်သူလူထု၏ ယုံကြည် မှုကို များစွာထိခိုက်စေပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ကိုပြန်လည် ရရှိ ရန်နှ င့် အပြစ် မဲ့ပြည်သူအချို့နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်းေ မးမြန်း သွားပါသည်။
===========================
ဦးရဲထွန်း၊ သီပေါ မဲဆန္ဒနယ် (ကိုယ်စား) ဦးစိုင်းသိန်းအောင်၊ တာချီလိတ် မဲဆန္ဒနယ်၏ သီပေါမြို့ စည်ပင် သာ ယာရေး အဖွဲ့ပိုင် စမ်းမာလာ ဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော ကလေး ကစားကွင်း အ တွင်း အဖမ်းခံရခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်းအားရဲချုပ် ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး ဌာန)မှ ပြန်လည်ဖြေကြားခြင်း။

စမ်းမာလာဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားတဲ့ ကလေးကစားကွင်းအတွင်းမှာ အကြွေစေ့ များကို ငွေေ ကြး ဖင့် လဲလှယ်သော စနစ်နဲ့ လောင်းကစားဆန်တဲ့ ကစားနည်းများ ရှိနေကြောင်းကို မြန်မာနို င်ငံရဲတပ်ဖွဲ့က သတင်းရရှိတဲ့ အတွက် ဆောင်ရွက်ခြင်းမပြုဖို့ ဂိမ်းဆိုင်တာဝန်ခံ ဦးထွန်းရီ(၃၂)နှစ်(ဘ) ဦးရန်ရှင်း လှိုင်ကို စုစုပေါင်း နှစ်ကြိမ်ခေါ်ယူသတိပေးခဲ့ သလို တာဝန်ကတိလက်မှတ်များရေးထိုးစေခဲ့ပြီး သတိပေး တာမြစ်စေခဲ့ကြောင်း၊ သို့သော်လည်း ခေတ္တရပ်နားထားခဲ့ပြီး နောက်ပိုင်းမှာဆက်လက် ဆောင် ရွက် လျက်ရှိကြောင်းစိစစ်တွေ့ရှိရပါကြောင်း၊ ကျောင်းချိန်မှာ အချို့ကျောင်းသားများ Game ဆိုင် သို့ရောက် ရှိနေကြောင်း၊ ဝန်ထမ်းအချို့မှာလည်း လစာထုတ်ပြီးချိန်မှာ မိသားစုဆီကို လစာမရောက်ရှိဘဲ Game ဆိုင်မှာကုန်ဆုံးခဲ့ရကြောင်း၊ သို့ဖြစ်၍ Game ဆိုင်ကိုဖမ်းဆီးပိတ်ပင်သွားရန် ပြည်သူတစ်ဦးမှ ပြည်နယ် ရဲတပ်ဖွဲ့မှူးဆီကို သတင်းပေးပို့တိုင်ကြားလာခဲ့ကြောင်း၊ အကြောင်းအရာတွေမှန်ကန်မှုရှိ၊ မရှိ သီပေါ မြို့ နယ်ရဲတပ်ဖွဲ့မှူးရဲ့စိစစ်ချက်အရ လောင်းကစားဆန်တဲ့ ကလေးကစားဝိုင်း Game ဆိုင်ေ တွဖွ င့်လှစ်ထားကြောင်း သိရှိရပါကြောင်း၊ ဒါကြောင့် အခြားမလိုလားအပ်တဲ့ အုပ်ချုပ်မှုပြဿနာများ မဖြစ်ပေါ် လာစေဖို့အတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရဲ့အစီအစဉ်နဲ့ အထူးအဖွဲ့စေလွှတ်ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်ေ န့မှာ သွားရောက်ဖမ်းဆီးခဲ့ရပါကြောင်း၊ ဖမ်းဆီးအရေးယူခံရသူအားလုံးသည် ဂိမ်းဆိုင်မှာေ လာင်းက စားမှုနဲ့ပါဝင်ပတ်သက်သူများသာဖြစ်လို့ အပြစ်မဲ့ပြည်သူ တစ်ဦးတစ်ယောက်မှ ပါဝင်ခဲ့ခြင်း မရှိေ ကြာင်း၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)နဲ့အမှုဖွင့် အရေးယူစစ်ဆေးပြီးဖြစ်ကြောင်း၊ ကစားကွင်း မှာ အများပြည်သူအပန်းဖြေဖို့အတွက်သာဖြစ်ပြီး အခကြေးငွေနဲ့ကစားတဲ့လောင်းကစားနည်းများပါဝင် လု ပ်ကိုင်ခြင်း မပြုပါကြောင်း၊ ကစားကွင်းလုပ်ကိုင်ခွင့်ရရှိသူများက ဝန်ခံကတိပြုစာများကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့နှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့များသို့တင်ပြလျှောက်ထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဂိမ်းဆိုင် မှာလောင်းကစားပြုလုပ်နေခြင်းမျိုး က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတား အဆီြး ဖစ်စေ ရုံသာမက ဆင်းရဲမွဲတေမှုပိုမိုများပြားလာစေမယ့်အပြင် အကျင့်စာရိတ္တ ကိုပါ ထိခိုက် ပျက်ပြား လာစေမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ဆင်းရဲမှုလျော့ချရေးနှင့် အမျိုး သား အကျင့်စာရိတ္တ မှန်ကန်တည့်မတ်စေရေးအတွက် လည်းကောင်း အတားအဆီးဖြစ်နေ တဲ့လောင်း ကစားမှုများကို စီမံချက်ချမှတ်ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ေ ဖ်ာထုတ်ဖ မ်းဆီးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသွားပါသည်။
 
by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here