Thursday, February 28, 2013

တူမီးသေနတ် ကျည်ပေါက်ထွက်ရာက ၁ ဦး သေဆုံး

0 comments
ဖေဖော်ဝါရီ(၂၈)


၂၇-၂-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ သပြေကုန်း ကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာနေ ဦးတင့်ဆွေ(၃၆)နှစ်သည် ဇနီးဖြစ်သူ မမူအေး(၃၀)နှစ်နှင့်အတူ နေအိမ်တွင်အိပ်နေစဉ် မမူအေးမှာ အိပ်ယာမှထသွားပြီးနောက် ၅ မိနစ်ခန့်အကြာတွင် နေအိမ် အနောက်ဘက်မှ ရှမ်းတူမီးသေနတ်သံကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ကြည့်ရှုခဲ့ရာ နေအိမ်နှင့် ပေ ၁၀၀ ခန့်အကွာရှိ မောင်ငယ်လေး(၁၇)နှစ်
၏နေအိမ်ဘေး ၁၅ ပေခန့်အကွာတွင် ဇနီးဖြစ်သူအား လည်မျိုတွင် ခဲကျည်ဝင်ပေါက်ဒဏ်ရာ၊ ဦးခေါင်းယာဘက်နားနောက်တွင် ပွင့်ထွက်ဒဏ်ရာ များဖြင့် သွေးထွက်လဲကျနေသည်ကို တွေ့ရှိခဲ့ရသဖြင့် အခင်းဖြစ်အရပ်တွင်ရှိနေသူ ခင်မောင်ကျော်၊ မောင်စိုး၊ မောင်ငယ်လေးတို့ ၃ ဦးအား မေးမြန်းရာ မောင်ငယ်လေးမှ ရှမ်းတူမီးသေနတ်ပြောင်းကို နောက်တွင်ထားပြီး ကြက်ခြင်း(၂)ခြင်းအား ရှမ်းတူမီးသေနတ်၏ ရှေ့/နောက်တွင်ချိတ်၍ ထမ်းလိုက်စဉ် ကျည်ရိုက်မောင်းတံနှင့် ကြက်ခြင်းမှနှီးကြိုးတို့ ချိတ်မိကာ ကျည်ပေါက်ထွက်၍ မောင်ငယ်လေး၏နောက်ဘက်တွင်ရပ်နေသည့် မမူအေးအား ထိမှန်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ မမူအေးအား နေအိမ်သို့ သယ်ယူထားရှိစဉ် သေဆုံးသွားခဲ့သဖြင့် ဦးတင့်ဆွေမှ မောင်ငယ်လေးအား အရေးယူပေးရန် တိုင်တန်းသောကြောင့် ပင်လောင်းရဲစခန်း(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here