ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို မကြာမီ ထုတ်ပြန်ပေးသွားတော့ မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင် သိန်းက ပြောကြားလိုက်သည်။
သို့ဖြစ်ရာ စီမံကိန်းကြီးများ အကောင်အထည်ဖော်မည်ဆို လျှင် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ ရပ်များကို အဆိုပါဥပဒေအတိုင်း လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရသည်။ဦးလှမောင် သိန်းက ''သိပ် တော့ မကြာတော့ပါဘူး။ နောက် ဆုံးအဆင့် ရောက်နေပါပြီ။ Asia Development Bank က ပညာ ရှင်တွေနဲ့ နောက်ဆုံးအဆင့် ဆွေး နွေးပြီးတာနဲ့ အစိုးရအဖွဲ့က အတည် ပြုပြီးရင် ထုတ်ပြန်ပေးသွားမှာပါ။အချိန်အတိ
အဆိုပါလုပ်ထုံးလုပ်နည်း ကို အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ပတ် ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ် နည်းများကို နမူနာယူကာ မြန်မာ နိုင်ငံ၏ အနေအထားနှင့် ကိုက် ညီမှုရှိရန် လုပ်ဆောင်ထားသည့် အပြင် နိုင်ငံတကာစံနှုန်းများနှင့် လည်း ကိုက်ညီမှုရှိစေရန်အတွက် ADB/ GMS-EOC/ JICA/ Nippon Koei ကုမ္ပဏီမှ ပညာ ရှင်များအပါအဝင် တခြားကျွမ်း ကျင်ပညာရှင်များလည်း ပူးပေါင်း ပါဝင်ရေးဆွဲထားကြောင်း သိရ သည်။
'' ADB က ပညာရှင်တွေ နဲ့ကလဲ ရှေ့အပတ်ထဲမှာဆွေးနွေး မယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးထုတ် သွားမှာပါ။ ဒီလုပ်ထုံးလုပ်နည်း မထွက်သေးတဲ့အတွက် တချို့စီ မံကိန်းတွေ စောင့်နေတာတွေရှိ ပါတယ်။ မြန်နိုင်သမျှတော့ မြန် မြန်ထုတ်ပြန်နိုင်အောင်ဆောင် ရွက်နေပါတယ်''ဟု ယင်းကထပ် မံပြောသည်။
လက်ရှိတွင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ခြင်း လုပ် ထုံးလုပ်နည်း မရှိသည့်အတွက် ပတ်ဝန်းကျင်ဆိုင်ရ
ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ဆိုင်ရာ လုပ်ကိုင်ဆောင် ရွက်နေသူတစ်ဦးက ''ဥပဒေကို ထုတ်ပြန်ပြီးရင်လဲ အတိအကျ အကောင်အထည်ဖော်ဖို့ လိုတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီး ဌာနမှာရှိနေတဲ့ ဝန်ထမ်းအင်အား က အလွန်နည်းနေသေးတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက အကြီးကြီးလုပ်ရမှာ လက်ရှိရှိနေ တဲ့ဝန်ထမ်းလောက်နဲ့တော့ မဖြစ် နိုင်သေးဘူး''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပတ်ဝန်း ကျင်ပျက်စီးစေမှု ဖြစ်ပေါ်စေ သော
အကြောင်းအရင်းများမှာ သစ်တောသယံဇာတပြုန်းတီး မှု၊ ရေအရင်းအမြစ်နှင့် ရေ အရည် အသွေးကျ ဆင်းမှု၊ မြေဆီလွှာ ပြုန်းတီးမှု၊ ရာသီဥတုပြောင်းလဲမှု၊ စွန့်ပစ်ပစ္စည်းစနစ်တကျ စီမံခန့် ခွဲရန် အားနည်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ များ ပျက်စီးပြုန်းတီးစေရန် ခြိမ်း ခြောက်ဖိအားပေးမှုများနှင့် သတ္တု လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု များ စသည့်အချက်များကြောင့် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်း သိမ်းရေးဦးစီးဌာနမှ သိရသည်။
Yangon Media Group