ကသည်းလက်နက်ကိုင်များမှ တမူးမြို့
နန်းသလက်ချောင်းတံတားအားမိုင်းဖောက်ခွဲ၍ ဒေသခံပြည်သူများအပေါ်
ခြိမ်းခြောက်နေမှုအားအထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်(ကလေးမြို့)မှ(၆၆)နှစ်မြောက်ပြည်ထောင်စုနေ့
တွင် ကလေးမြို့great man tea shop
အပေါ်ထပ်တွင်အခမ်းအနားတစ်ရပ်ကျင်းပကာ သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့သည်။
အဆိုပါသဘောထားထုတ်ပြန်ချက်မှာ
အောက်ပါအတိုင်းဖြစ်သည်။ကဘော်ချိုင့်ဝှမ်းဒေသတမူးမြို့
နန်းသလက်ချောင်းတံတားအား ကသည်းလက်နက်ကိုင်သောင်းကျန်းသူများမှ
ဖောက်ခွဲဖျက်စီးမှု အပေါ်အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက် သဘောထား အမြင်
ထုတ်ပြန်ချက်များ၁။ ကဘော်ချိုင့်ဝှမ်းဒေသအား ကသည်းလက်နက်ကိုင် အဖွဲ့များမှ
အမျိုးမျိုးခြိမ်းခြောက်ဖျက်စီးနေမှုအပေါ် လုံးဝ ကန့်ကွက်သည်။
၂။ မြို့နယ်သတင်းထောက်တစ်ဦး၏ (၁၀.၂.၂၀၁၃) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ စာမျက်နှာ (၁၀) တွင် ဖော်ပြပါရှိခဲ့သော ကသည်းသောင်းကျန်းသူ
ပြည်ထောင်စု အမျိုးသားလွတ်မြောက်ရေးတပ်ဦးအဖွဲ့မှ ပစ်ထားသည်ဟု ယူဆရသောစာအရ ကဘော်ချိုင့်ဝှမ်းဒေသသည်မဏိပူပြည်နယ်နှင့်သာ သက်ဆိုင်ကြောင်းဗမာခွေးများနှင့် မသက်ဆိုင်ပါဟူသော အသုံးအနှုန်းအား ကျွန်ုပ်တို့မြန်မာနိုင်ငံအား စော်ကားသည်ဟု ယူဆသည်။
၃။ ချင်းပြည်နယ် ကလေးဒေသ တမူးမြို့နယ်အတွင်းရှိ ကသည်းလက်နက်ကိုင်သောင်းကျန်းသူများ အခြားလက်နက်ကိုင် သောင်းကျန်းသူများဝင်ရောက်နေထိုင်ခြင်းကြောင့် မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးများ၏အသက်အိုးအိမ် စည်းစိမ်အား ခြိမ်းခြောက်ခြင်းများ ကြုံတွေ့နေရပါသည်။
၎။ ကဘော်ချိုင့်ဝှမ်းဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးအား ဂရုမထားပဲ လက်နက်ကိုင် သောင်းကျန်းခြင်းဗုံးထောင်ဖျက်စီးခြင်းလက်နက်ရောင်းဝယ်မှုများပြုလုပ်ခြင်းမူးယစ်ဆေးဝါးကိစ္စ

ရပ်များတွင်ဦးဆောင်ပါဝင်မှုရှိနေသောကသည်းသောင်းကျန်းသူများအားမြန်မာနိုင်ငံ တော်နယ်နိမိတ်အတွင်းမှ
မောင်းထုတ်ပေးရန်မြန်မာနိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန် လိုလားသည်။
၅။ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော် သမ္မတကြီးမှလည်း အိန္ဒိယနိုင်ငံမှတာဝန်ရှိသူတစ်ဦး မြန်မာသို့ လာရောက်လည်ပတ်စဉ် အာသံ မဏိပူ ဒေသရှိ
သောင်းကျန်းသူများအား လက်ခံမည် မဟုတ်ဟု ပြောဆို ထားသည်ကို သိရသည်။
၆။ နိုင်ငံတော်သမ္မတကြီး ပြောကြားထားသော အချက်(၅) ပါအချက်အားအထက်ချင်းတွင်းဒေသ လူငယ်များကွန်ယက်အနေဖြင့် အပြည့်အဝ
ထောက်ခံသည်။ကဘော်ချိုင့်ဝှမ်းလုံခြုံရေးအတွက်သမ္မတကြီးပြောသောစကားအားတိုင်းရင်းသားပြည်သူများမှ

ကျေးဇူးတင်ရှိပါသည်။
၇။ မြန်မာနိုင်ငံနှင့် ကဘော်ဒေသ တိုင်းရင်းသားလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်အား ခြိမ်ခြောက်နေသော အာသံ မဏိပူဒေသရှိကသည်းသောင်းကျန်းသူများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏
တည်ဆဲဥပဒေအရ အရေးယူရန်နှင့် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများနှင့်အတူ
အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ယက်မှ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်။
၈။ ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးတပ်ဦး အနေဖြင့်ကဘော်ချိုင့်ဝှမ်းသည် မိမိတို့ ပိုင်ဆိုင်ကြောင်း
သက်သေအထောက်အထားရှိခဲ့ပါက ဒေသတွင်း လက်နက်ကိုင်သောင်းကျန်းခြင်းမိုင်းများအသုံးပြု ဖျက်စီးဖောက်ခွဲခြင်းများဖြင့် ဒေသနေ ပြည်သူလူထုအား
ခြိမ်းခြောက်ခြင်း မပြုပဲ နိုင်ငံတကာရေးရာနှင့် သက်ဆိုင်သောတရားစီရင်ရေးရုံးများတွင် မြန်မာနိုင်ငံတော် အစိုးရနှင့်ဥပဒေအတိုင်းဖြေရှင်းရန် လိုသည်။
၉။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှတိုင်းဒေသကြီးလွှတ်တော်အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်

ပြည်ထောင်စု လွှတ်တော်တို့မှ အထက်ပါ
ကသည်းလက်နက်ကိုင် သောင်းကျန်းသူများ ကိစ္စအား အမြန်ဆုံး ညှိနှိုင်းတင်ပြဖြေရှင်းပေးရန်နှင့် ၄င်းတို့၏ ခြိမ်းခြောက်မှုများအား နိုင်ငံတော်အားနိုင်ငံတကာ သိရန် တောင်းပန်စေလိုသည်။
၁၀။ အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်နှင့် ကဘော်ဒေသအဖွဲ့အစည်းအသီးသီးမှ ဒေသတွင်း လုံခြုံရေးနှင့် နိုင်ငံသား အခွင့်အရေးများ
ထိပါးစော်ကားလာမည်ဆိုပါက ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးကို ရှေးရှုကာမည်သည့်ဌာန အဖွဲ့အစည်းများနှင့်မဆို
ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်သည်။

(၁၂.၂.၂၀၁၃)နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင်
သဘောထားအမြင်များ ထုတ်ပြန်သည်။
သဘောထားအမြင်များ ထုတ်ပြန်သည်။
အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်
(ကလေးမြို့)
(ကလေးမြို့)
hot news