
အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်း လင်း ဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင်တစ်ပါး၏ သင်္ချိုင်း တော်ကို ပြန်လည်ပြုပြင်တော့ မည်ဟူသော သတင်းကြောင့် ပြည်သူလူထုအကြားတွင် စိတ်ဝင်စားမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ကြား သိရသည်။ လင်းဇင်းကုန်း သုသာန်သည် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းလက်ထက်၊ သက္က ရာဇ်-၁၁၄၄ခုနှစ် အမရပူရ မြို့တည်နန်းတည်ခေတ်ကပင် တည်ရှိလာခဲ့သော ရှေးဟောင်း သုသာန်မြေတစ်ခုဖြစ်ပြီး ယဉ် ကျေးမှု ၀န်ကြီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသည်ဟု သိရ သည်။ ယခုအခါ လင်းဇင်းကုန်း ရှေးဟောင်းသုသာန်မြေအတွင်း တွင်သင်္ဂြိုဟ်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရ သည်။ လင်းဇင်းကုန်းသုသာန် ၌ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ တော်၏ နောက်ဆုံးယိုးဒယား ဘုရင်၏ သင်္ချိုင်းတော်တည်ရှိရာ ယခုအခါ ပြန်လည်ပြုပြင်ရန် သစ်ပင်ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းနေကြောင်း၊ ယိုးဒယား ဘုရင်မှာ ဗဒုံမင်းလက်ထက်တွင် အမရပူရမြို့တော်၌ ကွယ်လွန်ခဲ့ ကြောင်း၊ ယိုးဒယားဘုရင်၏ သင်္ချိုင်းတော်ဆိုသည့် အုတ်တိုင် ကြီးမှာ အမြင့်ပေ-၂၀ ခန့်ရှိပြီး လူနှစ်ယောက်ဖက်ခန့်ရှိ “တုရိုဏ် တိုင်စေတီပုံ”ဖြစ်ကြောင်း သိရ သည်။
ခရစ်နှစ်-၁၇၆၇ ခုနှစ်တွင် ဆင်ဖြူရှင်မင်းလက်ထက်၊ မြန်မာ တို့က အယုဒ္ဓယမြို့တော်ကို တိုက်ခိုက်အောင်မြင်တော်မူသည့် အခါ ယိုးဒယားဘုရင် “ဥတမ်ပုံ၊ ကျောက်ဘွား-ဒေါက်မဒူဝါး”နှင့် သုံ့ပန်းလူနှစ်သောင်းကျော်တို့ကို ခေါ်ဆောင်လာခဲ့ကြောင်း၊ ယိုး ဒယားဘုရင်သည် အင်းဝ နေပြည်တော်တွင် ရဟန်းဝတ်ဖြင့် နေထိုင်ခဲ့ကြောင်း၊ ဗဒုံမင်းလက် ထက် မင်းနေပြည်တော်ကို အမရပူရမြို့တော်သို့ ရွှေ့ပြောင်း သည့်အခါ ယိုးဒယားဘုရင်အား ခေါ်ဆောင်လာကာ ပက်ပါ ကျောင်းတိုက်တွင် ရဟန်းဘ၀ဖြင့် သီတင်းသုံးစေခဲ့သည်ဟု ယူဆရ ကြောင်း၊ အယုဒ္ဓယနောက်ဆုံးဘု ရင် ဘုန်းတော်ကြီး ပျံလွန်သည့် အခါ လင်းဇင်းကုန်းသုသာန်၌ တုရိုဏ်တိုင်စေတီပုံပြုလုပ်ကာ သင်္ဂြိုဟ်ခဲ့သည်ဟု ယူဆရကြောင်း သုတေသနပညာရှင်၊ ဆရာဝန် တင်မောင်ကြည်၏ “အကျဉ်းစံ၊ ယိုးဒယားဘုရင်၏ နောက်ဆုံးနေ့ များ”သုတေသနစာတမ်းတွင် ရေး သားထားသည်ကို တွေ့ရသည်။
“လင်းဇင်း”ဆိုသည်မှာ လာအိုနိုင်ငံ၊ ဗီယင်ချန်း (Vienchang or Lan Sang)ကို မြန်မာဘာသာဖြင့် ခေါ်ဆိုခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ လင်းဇင်းကုန်းရှေးဟောင်းသုသာန် ရှိ ယိုးဒယားနောက်ဆုံးဘုရင်၏ သင်္ချိုင်းတော်ကို ပြန်လည်ပြု ပြင်မည်ဆိုပါက ထိန်းသိမ်းစောင့် ရှောက်ထားရသည့် ယဉ်ကျေးမှု ၀န်ကြီးဌာနရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာန၏ ခွင့်ပြု ချက်ရရှိမှသာ ပြုပြင်ခွင့်ရှိကြောင်း သိရသည်။
HOT NEWS