Thursday, December 5, 2013

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာနေ မိုးကုတ်သူဌေးကြီးဦးမြမောင်၏ မိသားစုဝင်များအသတ်ခံခဲ့ရသည့် ငါးလောင်းပြိုင်လူသတ်မှုဟာ သဲလွန်စရနေပြီ၊ အဲဒီဖြစ်စဉ်မှာ ယခင်ခေတ်အစိုးရတာဝန်ရှိသူများ ပတ်သက်ဆက်နွှယ်မှု မတွေ့ရှိရဘူးဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမှပြောကြား

0 comments
ရန်ကုန်မြို့ စိမ်းလဲ့ ကန်သာမှာဖြစ်ပွားခဲ့တဲ့ ငါးလောင်း ပြိုင်လူသတ်မှုကို ယခုအခါ နိုင်ငံ တော် CID (မှုခင်း တပ်ဖွဲ့)က စုံစမ်း ဖော်ထုတ်နေပြီဖြစ်ကြောင်း၊ စုံစမ်းရရှိ ထားတဲ့သဲလွန်စအထောက်အထား များ အရမိုးကုတ် သူဌေးကြီးဦးမြမောင် ရဲ့မိသားစုဝင်ငါးဦး အသတ်ခံခဲ့ရ သည့် ငါးလောင်းပြိုင်လူသတ်မှုဖြစ် စဉ်မှာ ယခင်အစိုးရအဖွဲ့ တာဝန်ရှိသူ များနဲ့ပတ်သက်ဆက်နွှယ်မှု မတွေ့ရှိ ရဘူး လို့ နေပြည်တော်မြန်မာအင်တာ နေရှင်နယ်ကွန်ဗေးရှင်းစင်တာမှာ ကျင်းပပြုလုပ်တဲ့ ဆူဇူကီး ကုမ္ပဏီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် မော်တော် ဆိုင်ကယ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်လာ တဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော် ထွန်းက အခုလိုပြော ကြားလိုက်တာ လည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ရက်နေ့ က မြန်မာနိုင်ငံအခြေစိုက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆူဇူကီးကုမ်္ပဏီက လုံခြုံရေး တာဝန်များ ထမ်းဆောင်တဲ့ အခါမှာ အသုံးပြုရန်အတွက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ကို ဆူဇူကီးမော်တော် ဆိုင်ကယ်များ ပေးအပ်လှူဒါန်းတဲ့ အခမ်းအနားမှာပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကရန်ကုန်မြို့ ငါးလောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်ပြီးယခင်အစိုးရ တာဝန်ရှိ သူများပါဝင်ပတ်သက်ကြောင်း သိသူရှိပါက ကူညီသတင်းပေးရန် ပြောပြစေလိုကြောင်း၊ မိမိတို့ အနေနဲ့ ငါးလောင်းပြိုင်လူသတ်မှုအပေါ် CID (မှုခင်းတပ်ဖွဲ့)ပြစ်မှုကျူးလွန်သူများ ကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း၊ လက် ရှိငါးလောင်းပြိုင်လူသတ်မှုနဲ့ ဆက်စပ်ရရှိထားတဲ့ သဲလွန်စအချို့ကို လည်း တွေ့ရှိ ထား ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောပြလိုက်ပါက အဆို ပါငါးလောင်းပြိုင် လူသတ်မှုကို ကျူး လွန်ခဲ့တဲ့ လူသတ်တရားခံများအပါ အ၀င် တရားခံနဲ့ပတ်သက်သူများ ထွက်ပြေးလွတ်မြောက်သွားမှာစိုးတဲ့ အတွက်ပြောပြနိုင် စွမ်းမရှိသေးကြောင်း ပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။

၂၀၀၈ ခုနှစ်က နိုင်ငံမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရသလို လူထုအများစု စိတ်ဝင်စားခြင်းခံရ တဲ့ ရန်ကုန်မြို့လယ် ထင်ကရရပ်ကွက် တစ်ခုဖြစ်တဲ့စိမ်းလဲ့ကန်သာမှာ နေထိုင် တဲ့ မိုးကုတ် သူဌေးကြီး ဦးမြမောင်ရဲ့ မိသားစုများကိုရက်စက်စွာသတ်ဖြတ် ခဲ့တဲ့လူသတ်မှုကြီးဟာထိတ်လန့်စရာ လို့ ယူဆခဲ့ကြ သလို ဒီကနေ့အထိ အမှုမှန်ကိုမဖော်ထုတ်နိုင်သေးတဲ့အပေါ် မှာလည်း ပြည်သူလူထုရဲ့ မေးခွန်း ထုတ်မှုတွေ ရှိခဲ့တဲ့မှုခင်းဖြစ်ရပ်လည်း ဖြစ်ပါတယ်။ မိုးကုတ်သူဌေးကြီး ဦးမြ မောင်နေ ထိုင်ရာ တိုက်အိမ်ခြံဝင်းထဲကို မောင်းဝင်လာတဲ့ ကားပေါ်ပါ လူ တစ်စုကဦးမြမောင်ရဲ့ သမီး၊ သမက်၊ သမီးနှစ်ဦးနဲ့ အိမ်အကူအလုပ်သမ စုစုပေါင်းငါးဦးကို နေအိမ်အပေါ် ထပ်တက်ရောက်ပြီး အိပ်ခန်းအတွင်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှုလည်းဖြစ် ပါတယ်။ အဆိုပါ ငါးလောင်းပြိုင် အသုဘ အခမ်းအနားကျင်းပခဲ့စဉ်မှာ အလောင်းစင်အနီးအနားမှာထားရှိ တဲ့ ရေဖန်ခွက် ထဲကို မည်သူမည်ဝါ မှန်းမသိရဘဲ ကျောက်စရစ်ခဲတွေ ထည့်ထားသွားမှုအပေါ် ထိုစဉ်က မီဒီယာသတင်းများကိုဖတ်ပြီး စိမ်း လဲ့ကန်သာ ငါးလောင်းပြိုင်လူသတ် မှုဟာ ပဟေဠိဆန်သောလူသတ်မှု လို့ ပြည်သူအများက မှတ်ချက်ပေး ခြင်းခံခဲ့ရတဲ့ထိတ်လန့်စရာ လူသတ် မှုကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအခါ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာတော့ ဖော် ထုတ်နိုင်ခြင်းမရှိခဲ့တဲ့ ရှုပ်ထွေးပွေ လီလှတဲ့ အကျော်ဒေး ယျလူသတ်မှု တွေကို စိစစ်ဖော်ထုတ်အရေးယူနိုင် ရန် ကြိုးစားနေပြီဖြစ်ကြောင်း သိရှိ ရပါတယ်။

First  Weekly  Journal 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here