ကြာသပတေးနေ့ စစ်ရေးပြအခမ်းအနားမှာ စစ်ကြောင်းတွေနားက ဖြတ်လျှောက်သွားတဲ့ အမျိုးသမီးစစ်သည်တဦး |
တောင်စောင်းမှာ တူးထားတဲ့ ဗုံးခိုကျင်းများ |
ညဘက် အတန်ငယ် ချမ်းတဲ့ ရာသီဥတုအတွက် ပြင်ဆင်သွားဖို့ လိုသလို နေ့ဘက် လျှောက်သွားရင် ကြုံရမယ့် အပူဒဏ်နဲ့ ဖုံလုံးတွေရဲ့ ရန်ကိုလည်း ကာကွယ်ဖို့ ပြင်ဆင်သွားသင့်ပါတယ်။ သွားလာရေး အခက်အခဲ တွေ့မှာကတော့ မိုးတွင်းကာလ ဖြစ်ပါလိမ့်မယ်။
ဌာနချုပ် တောင်ကုန်းတခုပေါ်မှာ ဖွင့်ထားတဲ့ အထက်တန်းကျောင်းကို အဝေးက လှမ်းတွေ့ရပုံ |
ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပတဲ့ကာလဖြစ်လို့ ကျောင်းပိတ်ထားပါတယ်။ အခမ်းအနားတက်ဖို့ ရောက်လာတဲ့ ဧည့်သည်အများအပြား စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဧည့်ရိပ်သာ စသဖြင့် ဌာနချုပ်အနှံ့ စတည်းချနေကြပါတယ်။
စာသင်ကျောင်းမှာ တွေ့ရတဲ့ ကလေး ကစားကွင်း |
စစ်ဝတ်စုံနဲ့ ကျောင်းဆရာတဦးကို အထက်တန်းကျောင်းရုံးခန်းမှာ အခုလို တွေ့ရပါတယ်။ |
လွိုင်တိုင်းလျန်း ဆေးခန်းက သူနာပြုတဦး |
ဆေးခန်းမှာ လူနာ တချို့ တွေ့ခဲ့ရပါတယ်။ သူနာပြု အများစုကတော့ စစ်ရေးပြ ချီတက်မယ့်သူတွေကို ကျန်းမာရေး စစ်ဆေးဖို့ သွားကြတဲ့အတွက် ဆေးခန်းမှာ မတွေ့ခဲ့ရပါဘူး။
လွိုင်တိုင်းလျန်း တောင်ကုန်းများပေါ်မှာ တည်ရှိတဲ့ နေအိမ်၊ တန်းလျား၊ ရုံးတွေရဲ့ အခက်အခဲက သောက်သုံးရေ ရရှိရေး ဖြစ်ပါလိမ့်မယ်။
ရေကို သဘာဝရေထွက် ၃ နေရာလောက်ကနေ သွားယူရပါတယ် တဲ့။ ရေပုံးပြာပြာတွေနဲ့ ရေသယ်ယူကြပါတယ်။
လွိုင်တိုင်းလျန်း တနေရာမှာတော့ နယ်စပ်မျဉ်းကို တွေ့ရပါတယ်။ နယ်နိမိတ် ပိုင်းခြားထားတာကတော့ မော်တော်ကားလမ်းပါပဲ။ ပုံမှာ မြင်ရတဲ့အတိုင်း ဘယ်ဘက်ခြမ်းက ထိုင်းနိုင်ငံ ဖြစ်ပါတယ်၊ အဆောက်အအုံတွေ ရှိတဲ့ ညာဘက်ခြမ်းကတော့ မြန်မာပြည် ဖြစ်ပါတယ်။
SSA ဌာနချုပ်က နယ်စပ်မျဉ်းနားမှာ ကပ်ပြီး တည်ဆောက်ထားတဲ့သဘောပါ။
နှစ်နိုင်ငံ နယ်မြေပိုင်ဆိုင်မှု အမှတ်အသား မှတ်တိုင်တခုကိုလည်း တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တို့ စိုက်ထူထားတာလို့ ဆိုတဲ့ အဲဒီတိုင်ကို အဖြူရောင် အနီရောင် ဆေးသုပ်ထားပါတယ်။
နယ်စပ်မှတ်တိုင်နား ကလေး နှစ်ယောက် နေပူထဲ ဆော့နေကြပြီး အမျိုးသားတဦးကတော့ ရေခပ်သွားဖို့ ပြင်ဆင်နေဟန် တူပါတယ်။ သူတို့ သုံးယောက်လုံးက ဒုက္ခသည်တွေပါ။
စစ်ပွဲတွေကြောင့် ပြေးလာကြတာ မဟုတ်ပေမယ့် လက်နက်ကိုင်အဖွဲ့များရဲ့ဒဏ်ကို မခံနိုင်လို့ တိမ်းရှောင်လာတာဖြစ်တယ်၊ နေရပ်ပြန်ပြီး တောင်ယာလုပ်ကိုင်စားသောက်ရမယ့်နေ့ကို စောင့်မျှော်နေပါတယ်လို့ ဒုက္ခသည် တယောက်က ဧရာဝတီကို ပြောပါတယ်။
ရှမ်းဒေသ ပရိသတ်အတွက် လွိုင်တိုင်းလျန်းကို ရောက်လာတဲ့ထဲမှာ ရှမ်းဇာတ်အဖွဲ့တဖွဲ့လည်း ပါပါတယ်။ ၂ ည ဖျော်ဖြေ တင်ဆက်သွားတယ်လို့ သိရပါတယ်။
ရှမ်းစော်ဘွားများ၊ ဟော်နန်းများ၊ ရှမ်းတော်လှန်ရေးခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေကိုလည်း အမျိုးသားနေ့ကာလမှာ ပြခန်းတခု စီစဉ်ပြီး ပြသထားတာ တွေ့ရပါတယ်။
တီရှပ်တွေ ချိတ်ထားတဲ့ အရောင်းဆိုင် တခု |
စစ်ရေးပြ အခမ်းအနားရောက် အနယ်နယ်အရပ်ရပ်မှ ပရိသတ်များ |
ဧရာဝတီဘလော့