Friday, March 1, 2013

ဗန်းမော်မြို့တွင် မြန်မာငွေစက္ကူ အတုများ ပံျ့နှံ့

0 comments
မတ်(၁)

သစ်မှောင်ခို လုပ်ငန်းနယ်ပယ်များမှ ၀င်ရောက်လာသည်ဟု ယူဆရသည့်  ကျပ်ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန် အတုများ ယခုလ ၂၇ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ် စီးပွားရေး လုပ်ငန်းများအတွင်း ပံျ့နှံ့ဝင်ရောက်ခဲ့ရာ မြို့ခံများ အကြား စိုးရိမ်မှုတိုးပွားနေကြောင်း သိရသည် ။

၎င်းနေ့ နေ့လည် ၁ နာရီခန့်က ဗန်းမော်မြို့ ကမ္ဘောဇဘဏ်တွင် ကျပ်ငွေအတု ၁၀ သိန်း တွေ့ရှိခဲ့သည့် အပြင် နယ်ဘက်မှ ဆိုင်ကယ်လာဝယ်သူတစ်ဦးထံမှ ၂ သိန်းကျော်ထပ်မံတွေ့ရှိခဲ့ကြောင်း ဗန်းမော်မြို့ခံ ဆိုင်ကယ် အရောင်း ပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဒီနေ့ ဗန်းမော်မှာ ၅ထောင်နဲ့ ၁သောင်းတန်အတုတွေ ပလူပျံနေတယ်။ ပိုက်ဆံရှင်းတဲ့အခါ တအား ခက်နေတာ ။ နေ့လည် ၁ နာရီလောက်က ကမ္ဘောဇဘဏ်မှာ ၁၀ သိန်းမိတယ် ။ ဈေးထဲမှာ ပိုက်ဆံတွေ ၅ ရွက်တို့ ၃ ရွက်တို့ မိတာတွေ အများကြီး ဖြစ်နေတယ်။ ဆိုင်မှာက ဆိုင်ကယ်တစ်စီးလာဝယ်တာ ၄ သိန်းအုပ်ထဲမှာ ၂ သိန်းလောက် ညှပ်ပါလာတယ် ။ ပိုက်ဆံက သိသာတယ်။ ချောချောကြီးဖြစ်နေတာ ” ဟု သူက ပြောသည် ။

အဆိုပါငွေစက္ကူအတုများမှာ သစ်ကွင်းများမှ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောရာတွင် - “သစ်ကွင်းတွေ ရှိတဲ့ နမ့်အူကြီးတို့ အင်းကြီးတို့ဘက်ကနေဝင်လာတာ။ အဲဒီဘက်မှာ ငွေတုအရောင်း အဝယ်တွေလည်း ဖြစ်နေတယ်လို့ ကြားတယ်။သစ်ကားတွေဖြတ်ဖို့ လမ်းရှင်းကြေးပေးတဲ့အထဲမှာလည်း ငွေတုတွေပါတယ်။ စစ်တပ်နဲ့ ရဲတွေ လက်ထဲမှာ  အများကြီးရောက်နေတယ်” ဟု သူက ဆိုသည် ။

ယခုလ ၂၅ ရက်နေ့က ဗန်းမော်မြို့နယ် နမ့်ဖားကျေးရွာမှ သစ်လုပ်ငန်းရှင်တစ်ဦး မန0x081တလေးမြို့၌ ကားဆင်းဝယ်ရာတွင် ကျပ် သိန်း ၁၀၀ ကျော်ခန့်ရှိ ငွေအတုများ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၄င်းသစ်လုပ်ငန်းရှင်အား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

ကျပ်တသောင်းတန်နှင့် ကျပ် ငါးထောင်တန် မြန်မာငွေစက္ကူ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here